ရေငုပ်ထိုးသော ပင်လယ်ပျော်ငှက်မျိုးစု From Wikipedia, the free encyclopedia
ဂန္နက်ငှက် (Gannets) သည် သမပိုင်းပင်လယ်တွင် ကျက်စားသော စူလီဒေးမျိုးရင်းဝင် ငှက်ကြီးတစ်မျိုး ဖြစ်သည်။ တင်ကျီးနှင့် အတူ ပယ်လီကင်နီဖောင်း မျိုးစဉ်တွင် ပါသော်လည်း အသွင် အပြင်အားဖြင့် တင်ကျီးနှင့်မတူချေ။ ဦးခေါင်းနှင့် လည်ပင်း အနည်းငယ်ဝါ၍ အတောင်ဖျားမည်းသည်မှတပါး တစ်ကိုယ် လုံး ဆွတ်ဆွတ်ဖြူနေသည်။ ကိုယ်လုံးမှာ ၃ ပေခန့်ရှည်သည်။ ဝမ်းဘဲခြေမျိုး ရှိသည်။ ချွန်ထက်သော နှုတ်သီးမှာ ရှည်၍ ကောက်၏။
Gannet | |
---|---|
Northern gannets on Heligoland | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Suliformes |
မျိုးရင်း: | Sulidae |
မျိုးစု: | Morus Vieillot, 1816 |
အမျိုးအစား မျိုးစိတ် | |
Morus capensis | |
Species | |
| |
Synonyms | |
Moris |
အခြားသော ပင်လယ်ငှက်များနည်းတူ ဂန္နက်ငှက်တို့သည် ငါးဖမ်းရာ၌ အလွန်ကျင်လည်သည်။ ရေမျက်နှာပြင်၏ အထက် ပေ ၁ဝဝ ခန့်အမြင့်၌ ပျံဝဲနေပြီးလျှင် ရေထဲတွင် မြင်ရသော ငါးကို ရုတ်တရက် ထိုးဆင်း၍ ဖမ်းယူနိုင်သည်။
ဂန္နက်ငှက်သည် ကျောက်ဆောင်များပေါ်၌ အသိုက်လုပ် တတ်သည်။ သာမန်အားဖြင့် တစ်ကြိမ်လျှင် ဥတစ်လုံးသာ အုလေ့ရှိသည်။ ဤငှက်မျိုးတွင် မျိုးကွဲများ ရှိသည်။ ဂန္နက်ငှက် အညိုမျိုးကို အပူပိုင်းဒေသ ပင်လယ်များ၌ တွေ့ရသည်။ မြန်မာ နိုင်ငံ တနင်္သာရီကမ်းခြေ၌ ရံဖန်ရံခါ တွေ့ရှိရသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.