From Wikipedia, the free encyclopedia
ဂင်ယိုဟန် (အင်္ဂလိပ်: Kim Yo-han; ကိုရီးယား: 김요한) သည် တောင်ကိုရီးယား အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အမျိုးသားအဆိုတော်အဖွဲ့ WEi ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး X1 ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ Produce X 101 အစီအစဉ်တွင် ပထမရခဲ့ဖူးကာ၊ ၂၀၂၀ ဩဂုတ်လ ၂၅ ရက်နေ့တွင် No More အမည်ရ ဒစ်ဂျစ်တယ် စင်ဂယ်အလ်ဘယ်ဖြင့် တစ်ကိုယ်တော်ပွဲဦးထွက်ခဲ့သည်။[1][2]
ဂင်ယိုဟန် | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ဂင်ယိုဟန်ကို ၂၀၁၉ အောက်တိုဘာလအတွင်းက တွေ့ရစဉ် | |||||||||||
ဇာတိ အမည် | 김요한 | ||||||||||
မွေးဖွား | ဂျောင်းနန်ခရိုင်၊ ဆိုးလ်မြို့၊ တောင်ကိုရီးယား | စက်တင်ဘာ ၂၂၊ ၁၉၉၉||||||||||
မိခင်ကျောင်း | ဆန်မြောင်းတက္ကသိုလ် | ||||||||||
အလုပ်အကိုင် |
| ||||||||||
ဂီတခရီးလမ်း | |||||||||||
ဂီတဟန် | |||||||||||
တူရိယာ | Vocals | ||||||||||
တက်ကြွသည့်နှစ်များ | 2019–present | ||||||||||
တေးသံသွင်း ကုမ္ပဏီ | |||||||||||
ပူးတွဲ ပါဝင်မှု | |||||||||||
ဝက်ဘ်ဆိုက် | ouient.com/pages/artists7.php | ||||||||||
|
ဂင်ယိုဟန်ကို ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂျောင်းနန်ခရိုင်တွင် မွေးဖွားခဲ့ပြီး၊ နှမနှစ်ယောက်ရှိသည်။ တိုက်ကွမ်ဒို ကစားသမားတစ်ဦးလည်း ဖြစ်သည်။[3][4]
ဂင်ယိုဟန်သည် တိုက်ကွမ်ဒို ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတော်အဆင့် လူငယ်အားကစားပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ခါရခဲ့သည်။[5][6][7]
ဂင်ယိုဟန်သည် ၂၀၁၉ မေလတွင် Produce X 101 ဟုခေါ်သော သုံးလတာ လေ့ကျင့်ပေးမည့် Mnet ၏ reality-survival အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[8][9][10] ပြိုင်ပွဲ၏ မူလရည်ရွယ်ချက်မှာ အနိုင်ရရှိသူ ၁၁ ယောက်ကို Swing Entertainment လက်အောက်တွင် ငါးနှစ်သက်တမ်းရှိသော အမျိုးသားအဆိုတော်အဖွဲ့အဖြစ် ဖွဲ့စည်းပေးရန် ဖြစ်သည်။ ဂင်ယိုဟန်သည် ပြိုင်ပွဲတွင် ပထမရခဲ့ပြီး အမျိုးသားအဆိုတော်အဖွဲ့ X1 ၏ အဓိကအဖွဲ့ဝင်တစ်ယောက်အဖြစ် Gocheok Sky Dome ပွဲတွင် ပွဲဦးထွက်နိုင်ခဲ့သည်။ သို့သော် ပြိုင်ပွဲ၏ မဲမသမာမှုဖြစ်စဉ်ကြောင့် ၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့တွင် X1 ကို ဖျက်သိမ်းခဲ့ရသည်။[11] Produce X 101 ၏ ထုတ်လုပ်သူ အန်းဂျွန်းယောင်းကို ၂၀၁၉ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မဲပေးရသောအဆင့်များကို ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း ၎င်းကဝန်ခံခဲ့သည်။[12]
ဂင်ယိုဟန်သည် ကျောင်းဇာတ်လမ်းတွဲဆက် တစ်ခုဖြစ်သော ကျောင်း ၂၀၂၁တွင် ပါဝင်သရုပ်ဆောင်မည်ဟု လူပြောများခဲ့သည်။ ထို့နောက် ၂၀၂၀ ဖေဖော်ဝါရီလတွင် အဆိုပါဇာတ်လမ်းတွဲကို ၂၀၂၀ ဩဂုတ်လအတွင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။[13][14][15] ၂၀၂၀ ဧပြီလတွင် KBS အနေဖြင့် ဇာတ်လမ်းတွဲအတွက် အဓိကအမျိုးသမီးသရုပ်ဆောင် ရွေးချယ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်သောကြောင့် ဇာတ်လမ်းတွဲအား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[16]
၂၀၂၀ ဇွန်လ ၁၇ရက်နေ့တွင် Oui Entertainment က နှစ်လယ်ပိုင်း၌ OUIBOYZ ဟုအမည်ရသည့် အမျိုးသားအဆိုတော်အဖွဲ့သစ်ကို အစမ်းသဘော ပွဲဦးထုတ်သွားမည်ဟု ကြေညာခဲ့သည်။ ထိုအခါ ဂင်ယိုဟန်သည် သူနှင့် ကုမ္ပဏီတူသော ဂင်ဒုံဟန်၊ ဂျန်ဒယ်ဟျောန်း၊ ဂန်ဆော့ဟွာတို့နှင့်အတူ ထိုအဖွဲ့သစ်တွင် ပါဝင်လာနိုင်ကြောင်း ထင်ကြေးပေးခံရသည်။[17]
Oui Entertainment သည် ၂၀၂၀ ဇူလိုင်လ ၁၀ရက်နေ့တွင် ၎င်းတို့၏ အဖွဲ့သစ် WEi ၏ လူမှုကွန်ရက်စာမျက်နှာကို လွှင့်တင်ခဲ့ကာ ဂင်ယိုဟန်ပါဝင်ကြောင်းကိုပါ အတည်ပြုခဲ့သည်။[18][19]
ဂင်ယိုဟန်သည် ၂၆ ကြိမ်မြောက် "CONNECT:D" Dream Concert ၏ ပထမနေ့အတွက် MC အဖြစ် ဆောင်ရွက်ခဲ့သည်။[20]
WEi အဖွဲ့ နှင့် ပွဲဦးမထွက်ခင်၊ ဂင်ယိုဟန်သည် Zion-T က စီစဉ်ထုတ်လုပ်သော တစ်ကိုယ်တော် ဒစ်ဂျစ်တယ်သီချင်း No More ကို ၂၀၂၀ ဩဂုတ်လ ၂၅ ရက်နေ့ တွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၂၀၂၀ ဩဂုတ်လ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။[1][2]
ဂင်ယိုဟန်သည် ၂၀၂၀ အောက်တိုဘာလ ၅ ရက်နေ့တွင် WEi အဖွဲ့နှင့်အတူ ခေါင်းစီးသီချင်း Twilight ဟု အမည်ပေးထားသော IDENTITY: First Sight မီနီအယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့သည်။
သူ၏ သရုပ်ဆောင်ပွဲဦးထွက်အဖြစ်မူ တရုတ် ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားသည့် ကိုရီးယားဇာတ်လမ်းတွဲ A Love So Beautiful တွင် အဓိကအမျိုးသားသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။[21] ၂၀၂၁ ဇန်နဝါရီ ၁၁ရက်တွင် ထုတ်လွှင့်ခဲ့သော ဇာတ်ဝင်တေး Recently ကိုလည်း ပါဝင်ရေးသား ပံ့ပိုးခဲ့သည်။[22]
ဂင်ယိုဟန်သည် ၂၀၂၁ မတ်လ ၂ ရက်နေ့တွင် SBS MTU ၏ သီချင်းအစီအစဉ်ဖြစ်သော The Show တွင် Ateez အဖွဲ့ဝင် ယောဆန်း၊ Weekly အဖွဲ့ဝင် ဂျီဟန်တို့နှင့်အတူ အစီအစဉ်မှူး ဖြစ်လာခဲ့သည်။[23] ၂၀၂၁ ခုနှစ်အတွင်း Chick High Kick ဟုခေါ်သော ရသစုံရုပ်သံအစီအစဉ်တွင်လည်း ဟားဟား၊ နာထယ်ဂျူတို့နှင့်အတူ ပါဝင်ခဲ့သည်။[24] ဂင်ယိုဟန်သည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် KBS က ထုတ်လွှင့်သည့် ကျောင်း ၂၀၂၁တွင်လည်း ဂျိုအီဟျောန်းနှင့် တွဲဖက်၍ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။[25]
Year | Title | Network | Role | Notes | Ref. |
---|---|---|---|---|---|
2009 | Queen Seondeok | MBC | Child | Extra | [26] |
2020 | Zombie Detective | KBS2 | Skin cream CM model | Cameo (Episode 1) | [27] |
2021 | Mouse | tvN | Brain transplant patient | Cameo (Episode 20) | [28] |
ကျောင်း ၂၀၂၁ | KBS2 | Gong Ki-joon | [25] |
Year | Title | Role | Network | Ref. |
---|---|---|---|---|
2020–2021 | A Love So Beautiful | Cha-heon | KakaoTV | [29] |
Year | Title | Network | Role | Notes | Ref. |
---|---|---|---|---|---|
2019 | Produce X 101 | Mnet | Contestant | Ep. 1-12 | [30][31] |
2020 | War of Music People | KBS2 | Cast member | [32] | |
2020–2021 | The People of Trot | MBC TV | Deputy manager | [33] | |
2021–present | The Show | SBS MTV | Host | [34] | |
2021 | Chick High Kick | MBN | Cast member | [24] | |
The Greater Ocean Territory of Korea | KBS1 | Host | with Jung Sung-hwa | [35] |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.