![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/89/Dog_with_rabies.jpg/640px-Dog_with_rabies.jpg&w=640&q=50)
ခွေးရူးပြန်ရောဂါ
သေစေနိုင်သော ရောဂါ / From Wikipedia, the free encyclopedia
ခွေးရူးပြန်ရောဂါ (အင်္ဂလိပ်: Rabies) သည် ကျည်ဆန်ထိပ်ဖူးပုံရှိသည့် ရပ်ဘဒိုဗီရီဒေး(Rhabdoviridae) ခေါ် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားရပြီး ခရစ်တော်မပေါ်မီ ၂၃၀၀ ခုနှစ်ခန့်မှ စတင်၍ ကမ္ဘာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခွေးရူးရောဂါဟုလည်းခေါ်ဆိုကြသည်။ ၎င်းရောဂါသည် ခွေးတွင် မူလဖြစ်ပေါ်၍ ထိုခွေးမှ တစ်ဆင့် အခြားတိရစ္ဆာန်နှင့် လူတို့သို့ ကူးစက်ပြန့်ပွား တတ်သည်။ ခွေးရူးနာစွဲကပ်သော တိရစ္ဆာန် သို့မဟုတ် လူ၏ အာရုံကြောဆဲလ်များတွင် နက်ဂရီဗောဒီကို အစဉ်တွေ့ရ၏။ နက်ဂရီ ဗောဒီဟု ခေါ်ခြင်းသည် နက်ဂရီအမည်ရှိ သူတစ်ဦးက စတင် တွေ့ရှိသောကြောင့် ထိုပုဂ္ဂိုလ်၏ အမည်ကို အစွဲပြု၍ခေါ်ခြင်း ဖြစ်သည်။ ထိုနက်ဂရီဗောဒီသည် အလွန်သေးငယ်သည့် ဗိုင်းရပ်များဖြစ်၍ အခြားရောဂါမျိုးတွင် မတွေ့ရချေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာတွင် ခွေးရူးပြန်ရောဂါကြောင့် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်းသေဆုံးလျက်ရှိပြီး တစ်နှစ်လျှင် လူ ၅၅၀၀၀ အသက်ဆုံးရှုံးလျက်ရှိသည်။ ၎င်းအနက် ၃၁၀၀၀ မှာ အာရှဒေသမှဖြစ်ပြီး အာဖရိကမှ လူ ၂၄၀၀၀ ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိသည်။
ခွေးရူးပြန်ရောဂါ | |
---|---|
![]() | |
ခွေးရူးပြန်နေသော ခွေးတစ်ကောင် | |
အထူးပြု | ကူးစက်ရောဂါ |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/1a/Vesicular_stomatitis_virus_%28VSV%29_EM_18_lores.jpg/640px-Vesicular_stomatitis_virus_%28VSV%29_EM_18_lores.jpg)