From Wikipedia, the free encyclopedia
ချိအုတကန် သည် မိုဇမ်ဘစ်နိုင်ငံနှင့် မာလဝီနိုင်ငံအကြား နယ်နိမိတ်ပေါ်တွင် တည်ရှိသည့် တိမ်သည့် ကန်တစ်ခု ဖြစ်သည်။ ချီဝကန်၏ မြောက်ဘက်တွင် တည်ရှိပြီး အမရမ်ဘကန်၏ တောင်ဘက်တွင် တည်ရှိသည်။ ဤကန်တွင် ရေထွက်ပေါက် မရှိပေ။
ချိအုတကန် | |
---|---|
တည်နေရာ | Malawi and Mozambique |
ကိုဩဒိနိတ် | 14°49′03″S 35°51′14″E |
အမျိုးအစား | ရေကန် |
မျက်နှာပြင် ဧရိယာ | ၁၉၉ စတုရန်း ကီလိုမီတာ (၇၇ စတုရန်းမိုင်) |
ပျမ်းမျှအနက် | ၁.၁၃ မီတာ (၃ ပေ ၈ လက်မ) |
ရေထုထည် | ၀.၂၂၅ ကီလိုကုဗမီတာ (၀.၀၅၄ ကုဗမိုင်) |
ချိအုတကန်သည် ၃ - ၄ မီတာ တက်သည်။ အရွယ်အစားသည် ရာသီဥတုနှင့် မိုးရွာသွန်းမှုပေါ်မူတည်ကာ ၂၅ စတုရန်းကီလိုမီတာမှ ၁၃၀ စတုရန်းကီလိုမီတာအထိ ရှိသည်။ ချိအုတကန်နှင့် အမရမ်ဘကန်တို့သည် လုဂန်ဒမြစ်နှင့် ချိတ်ဆက်ကာ တည်ရှိနေကြသည်။ လုဂန်ဒမြစ်သည် ရုဗုမမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။ ချိအုတကန်၏ ပျှမ်းမျှအနက်သည်၁.၁၃ မီတာ (၃ ပေ ၈ လက်မ)၊ ပျှမ်းမျှ ထုထည်သည် ၀.၂၂၅ ကုဗကီလိုမီတာ (၀.၀၅၄ ကုဗမိုင်) ရှိသည်။
Seamless Wikipedia browsing. On steroids.