From Wikipedia, the free encyclopedia
ချမ်းမြေ့မောင်ချို (၂၀ စက်တင်ဘာ ၁၉၉၉ မွေးဖွား) သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်သည်။ Myanmar Idol ၏ တတိယရာသီတွင် ဒုတိယရခဲ့ပြီးနောက် ထင်ရှားကျော်ကြားလာခဲ့သည်။[1][2]
ချမ်းမြေ့မောင်ချို | |
---|---|
၂၀၁၉ မတ်လက သူမ၏ ဖျော်ဖြေပွဲ | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | ချမ်းမြေ့မောင်ချို |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၂၀ စက်တင်ဘာ၊ ၁၉၉၉
ဂီတဟန် | ပေါ့ပ်ဂီတ |
အလုပ်အကိုင် | အဆိုတော်၊ တေးရေး |
တူရိယာ | အဆို • ဂစ်တာ |
ချမ်းမြေ့မောင်ချိုကို ၁၉၉၉ စက်တင်ဘာ ၂၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် သင်္ဘောသားမောင်မောင်ချိုနှင့် ၁၉၉၀ ဆယ်စုနှစ်တွင် ကျော်ကြားခဲ့သော အဆိုတော် အိအိတို့၏ အငယ်ဆုံးသမီးဖြစ်၍ အစ်ကိုဖြစ်သူ သူရမောင်ချိုမှာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှအထက်တန်းပညာ ပြီးစီးခဲ့ပြီး ဒဂုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်သင်ကြားလျက်ရှိသည်။[3]
မောင်ချိုသည် ၁၀ နှစ်သမီးအရွယ်တွင် သီချင်းများ စတင်သီဆိုခဲ့၏ ။ ပြန်ဆိုသီချင်းများကို သူမ၏ ကိုယ်ပိုင်စာသားများဖြည့်စွက်၍ ထည့်သွင်းသီဆိုခဲ့သည်။ ကိုယ်ပိုင်ဗီဒီယိုအတိုများကို ဖန်တီးခဲ့ပြီး (ယခင်အဆိုတော်များ၏)အချို့သီချင်းများပြန်ဆိုကာ လူမှုကွန်ယက်တွင် ဖြန့်ချိခဲ့သည်။ စင်္ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် သွားရောက်လည်ပတ်စဉ်က လမ်းများပေါ်တွင် သီချင်းဆိုခြင်း အတွေ့အကြုံများ ရှိခဲ့သည်။ ကျောင်းပွဲများ၌ ပါဝင်ခဲ့ပြီး သူမ၏ဆရာသမားများ၊ သူငယ်ချင်းများအတွက်လည်း သီဆိုပေးမှုများရှိခဲ့သည်။[3]
အသက် (၁၈) နှစ်အရွယ် (၂၀၁၇) ခုနှစ်တွင် မိခင်နှင့်အတူတွဲဖက်၍ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ထက်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် သူမ၏ ပထမဆုံးစိန်ခေါ်မှုဖြစ်သော Myanmar Idol တတိယရာသီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[3]
၂၀၁၉ ခုနှစ်တွင် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ဖြစ်သည့် အိပ်မက် သီချင်းကို[4] ဖြန့်ချိခဲ့ပြီး JOOX နားထောင်သူများအကြား လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။[5]
သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် Eleven ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[6] [7]
Eleven ဟု နာမည်ပေးထားပြီး တေးသီချင်း (၁၁)ပုဒ်ပါဝင်သော သူမ၏ ပထမဆုံးတေးစီးရီးအခွေအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ပြီး သီချင်းအသစ် ၇ ပုဒ်ပါဝင်သည်။ တေးစီးရီးတွင် ပြိုင်ပွဲတုန်းက သူမကိုပရိသတ်များမှတ်မိစေခဲ့သည့် သီချင်းများနှင့် သူမ၏အမေအဆိုတော် အိအိ ၏ သီချင်းများပါဝင်သည်။
တေးစီးတွင် ပါဝင်သောသီချင်းများ-
တေးရေး-သားသား
တေးရေး-ဖိုးစည်
Esther Dawt Chin Sung , Benjamin Sum , Saw Htet Naing Soe , David Lai တို့နှင့်အတူ တေးရေး-စောထက်နိုင်စိုး
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.