From Wikipedia, the free encyclopedia
ချန်ချန် သည် တောင်အမေရိကတိုက် တွင် ကိုလံဘီယာခေတ်မတိုင်မီ အချိန်က အကြီးဆုံးမြို့တော် ဖြစ်သည်။[1] ယခုအခါ ပီရူးနိုင်ငံ ထရူဂျီလိုမြို့၏ အနောက်ဘက် ၅ ကီလိုမီတာ (၃.၁ မိုင်) အကွာရှိ လာ လီဘာတက်ဒ်ဒေသတွင် တည်ရှိသော ရှေးဟောင်းသုတေသနနယ်မြေ တစ်ခု ဖြစ်သည်။[2]
ချန်ချန် ရှေးဟောင်းသုတေသနဇုံ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
ထိပ်ဆုံးမှစ၍။ ချီမော၏ မြို့တော် ချန်ချန်၏ မြင်ကွင်း၊ ချန်ချန်၏ တံတိုင်း၊ ချန်ချန်၏ ကနုတ်အသေးစိတ်၊ စစ်သူရဲတို့၏ အသေးစိတ် ပြကွက်၊ ချန်ချန်ရှိ ငှက်ကြီးဝံပို၊ ချန်ချန် ပုံစံငယ်၊ ချန်ချန်ရှိ တံတိုင်း | |
တည်ရှိသည့် နိုင်ငံ | ပီရူး |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i, iii |
ကိုးကား | ၃၆၆ |
ဒေသ** | လက်တင်အမေရိကနှင့် ကာရစ်ဘီယံ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၆ (ဒသမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ချန်ချန်သည် မိုရှေးတောင်ကြား၏ အဝတွင် တည်ရှိပြီး [3] ၉၀၀ ခုနှစ်မှ ၁၄၇၀ ခုနှစ် အထိ တည်ရှိခဲ့သော သမိုင်းဝင် ချီမော အင်ပိုင်ယာ၏ မြို့တော်ဖြစ်ပြီး [4] ထို့နောက်တွင် ချီမောအင်ပိုင်ယာအား အင်ကာ အင်ပိုင်ယာမှ အနိုင်ယူ သိမ်းပိုက်၍ ၎င်းတို့ လက်အောက်သို့ သွတ်သွင်းခဲ့သည်။[5] ချီမော သည် ပီရူးကမ်းရိုးတန်း တလျှောက်တွင် အေဒီ ၁၄၀၀ ခန့်က တည်ထောင်ခဲ့သော ချီမူး ယဉ်ကျေးမှုမှ ပေါ်ထွန်းလာခြင်း ဖြစ်သည်။[6]
ချန်ချန်သည် ပီရူးနိုင်ငံ မြောက်ပိုင်းရှိ ကမ်းရိုးတန်း သဲကန္တာရ၏ မိုးခေါင်ရေရှားဒေသတွင် ရှိသည်။ [7] ထိုဒေသတွင် မိုးမရွာသဖြင့် ချန်ချန်ရှိ ဆားငန်ရေ မဟုတ်သော ရေ၏ အဓိက အရင်းအမြစ်မှာ အင်န်ဒီးစ်တောင်တန်းမှ ကျဆင်းလာသော ရေတို့ကို သယ်ဆောင်လာသော မြစ်များ ဖြစ်သည်။[4] ထိုရေများကြောင့် ကုန်းမြေနှင့် ရေတို့ကို ဆည်မြောင်းစနစ်များဖြင့် ထိန်းချုပ်နိုင်စေသည်။
ချန်ချန်မြို့သည် ၂၀ စတုရန်းကီလိုမီတာမျှ ကျယ်ဝန်းပြီး သိပ်သည်းသော မြို့ပြဒေသမှာ ၆ စတုရန်းကီလိုမီတာမျှ ရှိကာ ၎င်းတွင် ခမ်းနားသော "စယူဒါဒီလာ" ရှိသည်။ "စယူဒါဒီလာ" သည် ကြီးမားသော ဗိသုကာပညာဆိုင်ရာ လက်ရာမြောက် အဆောက်အဦး ဖြစ်ပြီး ၎င်းတွင် ပလာဇာများ၊ စတိုခန်းများ နှင့် တော်ဝင်မိသားစုအတွက် မြှုပ်နှံရန်နေရာများ ပါဝင်သည်။[8] ထို "စယူဒါဒီလာ" များ၏ ကြီးကျယ်ခန်းနားမှုကြောင့် တော်ဝင်မျိုးနွယ်များနှင့် ဆက်စပ်နေမည်ဟု ယူဆနိုင်သည်။[8] ချန်ချန်၏ နိမ့်ပါးသော အမျိုးအနွယ်များ အတွက် အိမ်များမှာ သေးငယ်ပြီး ပုံစံမမှန်ဘဲ ကျပ်သိပ်နေသော အခန်းများ ဖြစ်သည်။[8] နိမ့်ပါးသော အမျိုးအနွယ်များမှာ များသောအားဖြင့် အနုပညာသည်များ ဖြစ်ပြီး အင်ပိုင်ယာအတွင်း ၎င်းတို့၏ အလုပ်မှာ လက်မှုပစ္စည်းများ ထုတ်လုပ်ရန် ဖြစ်သဖြင့် ထိုအခန်းငယ်များကို အလုပ်ရုံများအဖြစ် အသုံးပြုကြသည်။ [8]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.