ချင်းပင်
ဟင်းခတ်အဖြစ်သုံးသောအပင်မျိုးစိတ် / From Wikipedia, the free encyclopedia
အလွန်ရှေးကျသော ခေတ်အခါမှစ၍ အိန္ဒိယနိုင်ငံကဲ့သို့ ပူအိုက်သောအာရှတိုက် တိုင်းနိုင်ငံတို့တွင် ချင်းကို စိုက်ပျိုးခဲ့ကြသည်။ ဂရိနှင့် ရောမလူမျိုးတို့သည် အာရှတိုက်ကုန်သည်များထံမှ ချင်းကို အဖိုးကြီးကြီးပေး၍ ဝယ်ယူကြသည်။ ဤသို့ဖြင့် ဥရောပတိုက်သားများသည် ချင်းကို အသုံးပြုတတ်လာသည်။
Zingiber officinale | |
---|---|
1896 color plate from Köhler's Medicinal Plants | |
Inflorescence | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
Clade: | Commelinids |
မျိုးစဉ်: | Zingiberales |
မျိုးရင်း: | Zingiberaceae |
မျိုးဇာတ်: | Zingibereae |
မျိုးစု: | Zingiber |
မျိုးစိတ်: | Z. officinale |
ဒွိနာမ | |
Zingiber officinale | |
တစ်ဖန် အနောက်အိန္ဒိယကျွန်းစု၊ တောင်အမေရိကတိုက်၊ အာဖရိကတိုက်အနောက်ပိုင်းနှင့် ဩစတြေးလီးယားတိုက်များသို့ ချင်းပင်များ ပျံ့နှံ့၍သွားရာ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ အနောက်အိန္ဒိယကျွန်းစု အာဖရိကတိုက် အနောက်ပိုင်းနှင့် အမေရိကတိုက်အလယ်ပိုင်းတို့တွင် ယခုအချိန်တွင် ချင်းပင်ကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးလျက်ရှိနေပြီ။ ချင်းတက်များကို ဟင်းလျာများတွင် အမွှေးအကြိုင်အဖြစ် အသုံးချကြသည်။ ချင်းကို ၂ မျိုး ၂ စား ပြုပြင်စီမံ၍ ရောင်းချကြသည်။ ချင်းစိမ်းကို သကြားရည်၌ဖြစ်စေ၊ ပျားရည်၌ဖြစ်စေ၊ တာရှည်ခံအောင် စိမ်၍လည်းကောင်း၊ ချင်းကို အခြောက်လှန်း၍လည်းကောင်း တင်ပို့ရောင်းချသည်။
ချင်းတက်များကို အခြောက်ခံရာ၌ ၂ နည်း ၂ စား ရှိသည်။ ပထမနည်းမှာ အပေါ်ယံအမြှေးခွံကို မခွာဘဲ၊ ချင်းတက်ကို အခြောက်ခံခြင်းဖြစ်၍ ဒုတိယ နည်းမှာ အပေါ်ယံအမြှေးခွံကို ခွာပြီးမှ အခြောက်ခံထားခြင်းဖြစ်သည်။
သကြားရည် သို့မဟုတ် ပျားရည်၌ စိမ်ထားသော ချင်းကို အနောက်အိန္ဒိယကျွန်းစုနှင့် တရုတ်နိုင်ငံတို့မှ အမြောက်အမြား တင်ပို့ရောင်းချကြလေသည်။ ချိုအောင် ပြုပြင်ထားသော ချင်းခြောက်ပြားကလေးများကိုလည်း တရုတ်နိုင်ငံမှ တင်ပို့ရောင်းချသည်။
မြန်မာနိုင်ငံတွင် ပြည်ပသို့ ထုတ်ရောင်းနိုင်လောက်အောင် ချင်းကို အကြီးအကျယ် စိုက်ပျိုးခြင်း မရှိသေးချေ။ ချင်းသုတ်ကို မြန်မာနိုင်ငံသားတို့ အထူးကြိုက်နှစ်သက်ကြသည့်အလျောက် အလှူအတန်း ပွဲနေပွဲထိုင် စသည့်အခမ်းအနားများတွင် ဧည့်ဝတ်စောင်ဝတ်အဖြစ် တည်ခင်းကျွေးမွေးကြသည်။ ချင်းရည်ကို ဖျော်ရည်အဖြစ်နှင့်လည်း ရောင်းချတတ်ကြသည်။ အချို့ အရပ်များတွင် ချင်းကို ယိုထိုး၍ စားကြသည်။[2]