![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f0/Nitrogen_dioxide_gas.jpg/640px-Nitrogen_dioxide_gas.jpg&w=640&q=50)
ခိုးငွေ့
From Wikipedia, the free encyclopedia
ရူပဗေဒတွင် ခိုးငွေ့ (သို့) ရေငွေ့[မှတ်စု 1](အင်္ဂလိပ်: vapour or vapor) သည် အဆုံးစွန်ကူးပြောင်း အပူချိန် (critical temperature) တစ်ခုထက်နိမ့်သော အပူချိန်တစ်ခုခု၌ ရှိသည့် အရာဝတ္ထုတစ်ခု၏ 'အငွေ့'အဆင့်(အနေအထား) တစ်ခုဖြစ်သည်။[1] ဤနေရာ၌ဆိုလိုသည်မှာ အပူချိန်ကို မလျော့ချဘဲ ဖိအား တိုးမြှင့်လိုက်ခြင်းဖြင့် ရေငွေ့သည် အရည်အဖြစ် ငွေ့ရည်ဖွဲ့နိုင်သည်။ ရေငွေ့သည် 'အငွေ့' ၌တွဲခိုဆိုင်းနေသောအရာ (aerosol) နှင့် မတူ ကွဲပြား၏။[2] အဲရာဆောလ် (aerosol) ဆိုသည်မှာ အငွေ့တစ်ခုအတွင်း အရည်၊ အခဲ တို့၏ အလွန်သေးငယ်လှသော အမှုန်လေးများ၏ တွဲခိုဆိုင်းနေခြင်းဖြစ်သည်။[2]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f0/Nitrogen_dioxide_gas.jpg/320px-Nitrogen_dioxide_gas.jpg)
ဥပမာအနေဖြင့် ရေ၌ အဆုံးစွန်ကူးပြောင်း အပူချိန် (critical temperature) သည် ၆၄၇ ကယ်လ်ဗင် (၃၇၄ ဒီဂရီ စင်တီဂရိတ်; ၇၀၅ ဒီဂရီ ဖာရင်ဟိုက်) ရှိ၍ ထိုအပူချိန်၌ အရည်သဏ္ဌာန်ဖြစ်နေသော 'ရေ'တည်ရှိနိုင်သော အမြင့်ဆုံးအမှတ် အပူချိန်ဖြစ်၏။ ပုံမှန်အပူချိန်၌ လေထုတွင် အငွေ့သဏ္ဌာန်ဖြစ်နေသော 'ရေ' (သို့) ရေငွေ့ သည် ၎င်း၏တစ်ပိုင်းဖိအား (partial pressure) ကို လုံလောက်စွာ တိုးမြင့်လိုက်လျှင် အရည်အဖြစ် ပြန်လည် ကူးပြောင်း (သို့) ငွေ့ရည်ဖွဲ့နိုင်သည်။ condensation ဟု အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုနိုင်သည်။
ရေငွေ့သည် အရည် ( သို့ အခဲ) နှင့် ယှဉ်တွဲတည်ရှိနိုင်သည်။ ဤအချက်မှန်ကန်နေသမျှကာလပတ်လုံး အထက်ဖော်ပြပါ အဆင့်နှစ်ခု (ငွေ့ - ရည်/ခဲ) သည် မျှခြေအခြေအနေတစ်ခုတွင် ရှိနေလိမ့်မည်ဖြစ်ပြီး အငွေ့၏ တစ်ပိုင်းဖိအား (partial pressure) သည် အရည်(အခဲ) ၏ မျှခြေအနေအထား ရေငွေ့ဖိအားနှင့်လည်း တူညီနေလိမ့်မည်ဖြစ်၏။[1]