ခါးပန်း
ရင်သိုင်း / From Wikipedia, the free encyclopedia
ခါးပန်းသည် များသောအားဖြင့် ကြီးမားရှည်လျားပြီး ရောင်စုံဖဲကြိုးပုံစံရှိပြီး ကိုယ်ခန္ဓာတွင် သိုင်း၍သော်လည်း ခါးတွင်စည်း၍သော်လည်း ဝတ်ဆင်ရသည့် အဆင်တန်ဆာဖြစ်သည်။ ရင်သိုင်းဟုလည်း သုံးပါသည်။ ခါးပန်းကို နေ့စဉ်တူညီဝတ်စုံများတွင်ဝတ်ဆင်စေခြင်း၊ အဓိကအားဖြင့် တရားဝင်အခမ်းအနား အခါသမယများတွင်သာ ဝတ်ဆင်ကြခြင်းဖြစ်သည်။ အခမ်းအနားဆိုင်ရာခါးပန်းများကို ဗွီပုံစံဖြင့်လည်းကောင်း ၊ ပခုံးနှစ်ဘက်တွင် ဆွဲကြိုးသဏ္ဌာန်ဖြင့်လည်းကောင်း၊ နှစ်မျိုးစလုံးအနေဖြင့် လည်းကောင်း မြင်တွေ့နိုင်သည်။