ခရစ္စတိုဖာ ကိုလံဘတ်စ် (Christopher Columbus)(၁၄၅၁-၁၅၀၆) သည် အီတလီလူမျိုး ပင်လယ်ရေကြောင်း ကျွမ်းကျင်သူ၊ နယ်မြေသစ်စူးစမ်းရှာဖွေသူဖြစ်သည်။ ၎င်းသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး အမေရိက နယ်မြေသစ်ကိုသွားရောက်ခဲ့ပြီး အနောက်ကမ္ဘာခြမ်းမှ ကိုလိုနီများအား ရှေ့ဆောင်လမ်းပြပေးနိုင်ခဲ့သည်။ ၎င်းသည် အိန္ဒိယသို့ ကုန်သွယ်ကူးသန်း နိုင်သော ရေလမ်းကြောင်းအသစ်ကို ရှာဖွေရင်း မြောက်အမေရိကတိုက်ကို မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၄၉၂ နှင့် ၁၅၀၄ ခုနှစ်အတွင်းတွင် ကာရေဘီယန်ဒေသ၊ တောင်အမေရိကတို့ကို စုစုပေါင်း လေးကြိမ် သွားရောက်ခဲ့သည်။

ခရစ်စတိုဖာ ကိုလံဘတ်စ်
မွေးသက္ကရာဇ် ၁၄၅၁၊ အောက်တိုဘာ (၃၁)
သေဆုံးခြင်း ၁၅၀၆၊ မေ (၂၀)

ကမ္ဘာ့ အကြီးကျယ်ဆုံးသော အလွဲဖြစ်သည့် ကမ္ဘာသစ်အား တွေ့ရှိခြင်းဟူသည့် အလွဲအား ဆောင်ရွက်ခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ်အား သမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ကိုလံဘတ်စ်အား ၁၄၅၁၊ အောက်တိုဘာ (၃၁)ရက်၊သောကြာနေ့တွင် အီတလီနိုင်ငံ၊ ဂျီနိုအာမြို့တွင် ဖွားမြင်သည်။ အရွယ်ရောက်သောအခါ ပင်လယ်ရေကြောင်းခရီးသွားလာရေးတွင် ထူးချွန်ကာ သင်္ဘောကပ္ပတိန် ဖြစ်လာသည်။ သူကိုယ်ပိုင် ယေဘူယျယူဆချက်များဖြင့် အနောက်ဘက်သို့ ရွက်လွှင့်ခြင်းဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်မိလျှင် ကမ္ဘာ့အရှေ့ခြမ်းရှိ အရှေ့အာရှသို့ရောက်နိုင်သည်ဟု တစ်ထစ်ချ ယူဆခဲ့သည်။ ထိုယူဆချက်အတိုင်း မဖြစ်မနေပင် ကြိုးပမ်းအားထုတ်သည်။ ဥရောပတိုက်ရှိ နယ်ချဲ့လိုသူမင်းစိုးရာဇာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်တင်ပြသော်လည်း ကုန်ကျစရိတ်ကို အကြောင်းပြုကာ သဘောမတူသူများသည်။ နောက်ဆုံးတွင် စပိန်ရှိ ကာ့စတီးလ်(Castile) ဘုရင်မ ပထမ အိဇဘဲလား (Queen Isabella I) က ကုန်ကျစရိတ်အား အတည်ထုတ်ပေးသဖြင့် စူးစမ်းလေ့လာခရီးထွက်ရန် စတင်သည်။ ၁၄၉၂ခုနှစ်၊ ဩဂုတ်လ၊ ၃ရက်နေ့တွင် စပိန်နိုင်ငံမှ သင်္ဘောများဖြင့် ထွက်ခွာသည်။ ကနေရီကျွန်းတွင် ပထမရပ်နားပြီးနောက် စက်တင်ဘာလ၊ ၆ရက်နေ့တွင် အနောက်စူးစူးသို့ ဦးတည်ကာ ထွက်ခွာခဲ့သည်။ ကာလကြာရှည် ပင်လယ်တွင်း ရွက်လွှင့်သည့်အတွက် သင်္ဘောသားများ၏ စိုးရိမ်ကြောက်ရွှံ့မှုများ တိုးပွားလာပြီး နေရပ်ပြန်ရန် အုံ့ကြွမှုများကိုလည်း ရင်ဆိုင်ဖြေရှင်းရသည်။ ၁၄၉၂ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကမ်းခြေကို မြင်တွေ့ရသည်။ ၁၄၉၃ခုနှစ်၊ မတ်လတွင် စပိန်သို့ပြန်ရောက်သည်။ ထိုသို့ပြန်ရောက်လျှင် အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့များဖြင့် ချီးမြှောက်ခြင်းခံရသည်။ ထိုနောက်ပိုင်းတွင်လည်း ဂျပန်ကိုသော်လည်းကောင်း၊ တရုတ်ကိုသော်လည်းကောင်း တွေ့ရှိဦးမည် မျှော်လင့်ချက်ဖြင့် အနောက်ဘက်သို့ အကြိမ်ကြိမ်ရွက်လွှင့်သော်လည်း မအောင်မြင်ပေ။ ဘုရင်မ အိဇဘဲလားက ကိုလံဘတ်စ်အား တွေ့ရှိရသမျှ နယ်မြေတို့တွင် ဘုရင်ခံအဖြစ် အုပ်ချုပ်ခွင့်ပေးသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းတွင်မူ ကိုလံဘတ်စ် မအောင်မြင်ပေ။ နောက်ဆုံးတွင် အချုပ်ဖြင့် စပိန်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရပြီးနောက်တွင် မည်သည့်အုပ်ချုပ်ရေးတာဝန်မှ ထပ်မံပေးအပ်ခြင်းမရှိတော့ပေ။ ၁၅၀၆၊ မေ (၂၀)ရက်၊တနဂ်နွေနေ့တွင် လူချမ်းသာတစ်ဦး၊ လူဂုဏ်တန်တစ်ဦးအနေဖြင့် ကွယ်လွန်သည်။

ဒုတိယရေကြောင်းခရီးစဉ်

ဒုတိယ အခေါက်တွင် ဂျမေကာနှင့် ကာရီဘီယံ ပင်လယ်တွင်း ကျွန်းများကို တွေ့ရသည်။

တတိယရေကြောင်းခရီးစဉ်

တတိယအခေါက်တွင် သရိန်နီဒက်ကျွန်းကို တွေ့သည်။

စတုတ္တရေကြောင်းခရီးစဉ်

အကျိုးဆက်

ကိုလံဘတ်စ်၏ ကမ္ဘာသစ်တွေ့ရှိမှုသည် ကမ္ဘာ့သမိုင်းကို များစွာပြောင်းလဲစေခဲ့သည်။ ကမ္ဘာသစ်မျှော်လင့်ချက်ဖြင့် အမေရိကတိုက်ပေါ်သို့ ဥရောပတိုက်မှ လူအများ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်အခြေချသည်။ မူလအင်ဒီးယန်းများလည်း အဖိနှိပ်ခံရကာ အင်အားနည်းပါးသွားရသည်။ ခေတ်သစ်ကမ္ဘာ၏ ဦးဆောင်မှု ကဏ္ဍတွင် အပြောင်းအလဲဖြစ်ခွင့်ရခဲ့သည်။

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.