From Wikipedia, the free encyclopedia
ခဆွတ်ရမြစ် (桂川, Katsura-gawa) ဂျပန်နိုင်ငံရှိ မြစ်တစ်ခုဖြစ်ပြီး ကျိတိုမြို့နှင့် မခဲအိုခမြို့တို့ကို ပိုင်းခြားကာ ကွေ့ကောက်စီးဆင်းသည်။ ဤမြစ်သည် အခြားသောမြစ်နှစ်ခုဖြစ်သည့် ဟိုဇုမြစ်နှင့် အိုးအိမြစ်တို့ ဆက်လက်စီးဆင်းရာ မြစ်လည်း ဖြစ်သည်။ ဤမြစ်သည် တောင်များမှ အဖျားခံဖြစ်ပေါ်လာပြီး အရရှိယာမရှိ တိုဂဲဆွတ်ခယောတံတားမတိုင်မီအထိ ဖြည်းညင်းစွာ စီးဆင်းသည်။[1] ထိုတံတားနေရာမှစတင်၍ “ခဆွတ်ရမြစ်” ဟု ခေါ်ဆိုကြသည်။ ဤမြစ်သည် ကျိုတိုစီရင်စုအတွင်း ကီလိုမီတာများစွာ စီးဆင်းပြီးနောက်တွင် ခမိုမြစ်နှင့် အုဂျိမြစ် စသည့်မြစ်များနှင့် တွေ့ဆုံပေါင်းစပ်သွားသည်။
ခဆွတ်ရမြစ်၏ ဧရိယာပတ်ဝန်းကျင်တွင် ကျိုတိုမြို့၏ ရှေးအကျဆုံးသော နတ်ကျောင်းများ တည်ရှိသည်။ ဥပမာအားဖြင့် မဆွတ်အိုနတ်ကျောင်း ဖြစ်သည်။ စီးဆင်းရာလမ်းကြောင်းတစ်လျှောက်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့် ရေများကို ဤမြစ်က အထောက်အပံ့ပေးလျက်ရှိသည်။ နွေရာသီတွင် ဝိုင်းဖွဲ့စားသောက်ပွဲပြုလုပ်ရန် ထင်ရှားသည့်နေရာတစ်ခုလည်း ဖြစ်သည်။
34°52′50″N 135°40′41″E (confluence with Kizu River and Uji River)
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.