From Wikipedia, the free encyclopedia
ကွီဗက်မြို့ဟောင်း သည် ကနေဒါနိုင်ငံ ကွီဗက်ပြည်နယ် ကွီဗက်စီးတီးတွင် တည်ရှိသော သမိုင်းဝင် ရပ်ကွက်တစ်ခု ဖြစ်သည်။ အထက်မြို့ (ပြင်သစ်: အော့တ်ဗေးလ်) နှင့် အောက်မြို့ (ပြင်သစ်: ဘတ်စ်ဘေးလ်) ဟူသော နေရာနှစ်ခု ပါဝင်ပြီး ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ထားသော နေရာ ဖြစ်သည်။ ကွီဗက်မြို့ဟောင်းသည် ဗြုစ်-ကွီဗက်-ကက်ပ်-ဘလန့်-ကောလင်း ပါလီမန် ရပ်ကွက်၏ တစိတ်တပိုင်းဖြစ်ပြီး လာ စိုက်-လီမွိုင်လို မြို့နယ် အတွင်းတွင် တည်ရှိသည်။
ကွီဗက်မြို့ဟောင်း၏ သမိုင်းဝင်ရပ်ကွက်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ကနေဒါ |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iv, iv |
ကိုးကား | ၃၀၀ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၅ (နဝမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ထိုအရပ်အား အများအားဖြင့် မြို့ဟောင်း၊ ကွီဗက်မြို့ဟောင်း ဟု ခေါ်ဝေါ်လေ့ ရှိကြသည်။[1] တစ်ခါတစ်ရံတွင် လက်တင်ရပ်ကွက်ဟုလည်း ခေါ်လေ့ရှိသော်လည်း လက်တင်ရပ်ကွက်ဆိုသည်မှာ လာဗဲတက္ကသိုလ်၏ မူလနေရာ ဖြစ်ခဲ့သော ဆီမီနဲ ဒီ ကွီဗက် အရပ် ပတ်ဝန်းကျင်ကို ခေါ်ဆိုကြခြင်း ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.