မြန်မာနိုင်ငံဒေသရင်း လိပ် မျိုးစိတ် From Wikipedia, the free encyclopedia
မြန်မာ့ကြယ်လိပ် (အင်္ဂလိပ်: Burmese Star Tortoise) သည် ရှားပါးသတ္တဝါမျိုးစိတ်များထဲတွင် ပါဝင်ပြီး ပါဏဗေဒအလိုအရ ဂျီအိုချယ်လုံး ပလက်တင်နိုတာ(Geochelone Platynota) ဟု အနည်ပေးထားပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Endemic Species) ပင် ဖြစ်သည်။ ကြယ်လိပ်များအား မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး စသည့် အပူပိုင်းခြောက်သွေ့သော ဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်ကို တွေ့နိုင်သည်။ ဒေသအလိုက် ကြယ်လိပ်၊ ဆီးချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ် ဟူ၍ အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆိုလေ့ရှိသည်။
မြန်မာ့ကြယ်လိပ် (အင်္ဂလိပ်: Burmese Star Tortoise) | |
---|---|
ဂျပန်နိုင်ငံ၏ အဏ္ဏဝါပြတိုက်တစ်ခုမှ မြန်မာ့ကြယ်လိပ်များ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Testudines |
မျိုးစဉ်သေး: | Cryptodira |
မျိုးရင်း: | Testudinidae |
မျိုးစု: | Geochelone |
မျိုးစိတ်: | G. platynota |
ဒွိနာမ | |
Geochelone platynota (Blyth, 1863) | |
Synonyms[1] | |
|
ကြယ်လိပ်တို့သည် မှို၊ အသီးအရွက်၊ ပန်းပွင့်တို့ကိုသာမက တီကောင်၊ ခရုတို့ကိုပါ စားသောက်လေ့ရှိသည့် အစုံစား သတ္တဝါမျိုးပင်ဖြစ်သည်။ ကြယ်လိပ်သည် တောရိုင်းသဘာဝတွင် တစ်နှစ်လျှင် တစ်ကြိမ်မှ လေးကြိမ်အထိ ဥ ဥလေ့ရှိသည်။
မြန်မာ့ကြယ်လိပ်သည် အခွံပေါ်တွင် ကြယ်မှ အလင်းရောင်ဖြာထွက်သကဲ့သို့ ပုံသဏ္ဌာန်ရှိသော အရောင်ဖြင့် အဆင်းကြောင်းများ ရှိသည်။ ထို့အပြင် အခွံ၏ ယင်း ကြယ်အလင်းဖြာထွက်ပုံ ဖြစ်နေသည့် အဆင်းကြောင်းနေရာများသည် အပြင်သို့ အကြောင်းလိုက် ခုံးထွက်နေသောကြောင့် မြင်ရသည်မှာ ကျောအခွံပေါ်တွင် ကြယ်ပုံသဏ္ဌာန် ထွင်းထားသကဲ့သို့ ထင်ရ၏။[2]
မြန်မာ့ကြယ်လိပ်များကို IUCN မှ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ သို့ပါသော်လည်း အိမ်နီးချင်း [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ|တရုတ်နိုင်ငံ]မှ စားသောက်ဆိုင် ဈေးကွက်၏ လိုအပ်ချက်မြင့်မားမှုကြောင့် တရားမဝင်ရောင်းဝယ် ဖောက်ကားနေကြဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သည့် ကွင်းဆင်းလေ့လာမှုတစ်ခုအရ ၎င်းတို့၏ မူရင်းဒေသများတွင် စေတနာ့ဝန်ထမ်း ငါးဦးဖြင့် အထူးလေ့ကျင့်ထားသည့် ခွေးများ အသုံးပြု၍ နာရီပေါင်း ၄၀၀ မျှပင် ရှာဖွေခဲ့ရာ ငါးကောင်သာ ရှာတွေ့ခဲ့ကြောင်း သိရသည်။ ၎င်းသည် CITES ၏ နောက်ဆက်တွဲ(၁)တွင် ပါရှိပြီး၊ ၎င်းကြယ်လိပ်များအား အကောင်လိုက် အရှင်ဖြစ်စေ၊ သေဆုံးပြီးသားဖြစ်စေ၊ ၎င်း၏ခနွာကိုယ် အစိတ်အပိုင်းများနှင့် နမူနာပြုအစိတ်အပိုင်းများ (Specimens) ဖြစ်စေ ရောင်းဝယ် ဖောက်ကားခြင်း၊ လက်ဝယ်ထားရှိခြင်းတို့ကို ဥပဒေဖြင့် တားမြစ်ထားသည်။
မျိုးသုန်းလုနီးပါး အန္တရာယ်ကျရောက်နေသော မြန်မာ့ကြယ်လိပ်များ ပျောက်ကွယ်မသွားစေရေး အတွက် မြန်မာနိုင်ငံတွင် ကြယ်လိပ် မွေးမြူခြင်းများကို ၂၀၀၄ ခုနှစ်တွင် ကောင်ရေ ၂၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် လိပ်ကောင်ရေ ၁၄,၀၀၀ ထိ တိုးတက်လာခဲ့ကာ လိပ်အကောင် ၁၀၀၀ ကိုလည်း မူရင်းဒေသတောရိုင်းများသို့ ပြန်လည်ထားရှိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။[3]
ကြယ်လိပ်များမှာ တောမီးလောင်ခြင်း၊ နေထိုင်ရာတောများ ဆုံးရှုံးခြင်း၊ နိုင်ငံတကာ ရောင်းဝယ်ဖောက်ကားခြင်းများကြောင့် အရေအတွက် နည်းလာခဲ့သည်။ သို့အတွက် ကြယ်လိပ်များကို စနစ်တကျ ကာကွယ်ထိန်းသိမ်းထားခြင်းဖြစ်သည်။ ကြယ်လိပ်များကို ထိန်းသိမ်းသည့် နေရာ သုံးခု ရှိသည်။
များတွင် ထိန်းသိမ်းစောင့်ရှောက် မွေးမြူလျက်ရှိသည်။ ထို့အပြင် လက်ရှိတွင် မန္တလေးမြို့၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှလည်း မြန်မာ့ကြယ်လိပ်များ မျိုးသုဉ်းမသွားစေရန် အကောင်ရေ တိုးလာစေရေး စောင့်ရှောက်မွေးမြူလျက်ရှိသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ထိန်းသိမ်းစောင့်ရှောက်ထားရာ အကောင်ရေ ၃၀၀၀-ကျော် ရှိလာပြီ ဖြစ်သည်။ ကြယ်လိပ်များကို စနစ်တကျ မွေးမြူစောင့်ရှောက်ထားပြီး ဥချိန်မှအစ စာရင်းကောက်ယူကာ ပေါက်ဖွားသည့် ခုနှစ်အလိုက် မှတ်တမ်းများ ပြုစုထားသည်။[4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.