ကြယ်တစ်ထောင်ပုံပြင်
၂၀၂၁ ခုနှစ်ထုတ် ထိုင်းရုပ်မြင်သံကြားဇာတ်လမ်းတွဲ / From Wikipedia, the free encyclopedia
ကြယ်တစ်ထောင်ပုံပြင် (အင်္ဂလိပ်: A Tale of Thousand Stars; ထိုင်း: นิทานพันดาว – 1000stars, RTGS: Ni-than Phan Dao – 1000stars) သည် Earth Pirapat နှင့် Mix Sahapap တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် ၂၀၂၁ ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ပုဒ် ဖြစ်သည်။
အချက်တိုများ ကြယ်တစ်ထောင်ပုံပြင်, အမျိုးအစား ...
ပိတ်ရန်
ဒါရိုက်တာ အောက်ဖ် နိုပ္ဖာရနစ္ဆ ရိုက်ကူးပြီး GMMTV က ထုတ်လုပ်သည့် ဤဇာတ်ကားသည်[1] ၂၀၁၉ အောက်တိုဘာ ၁၅၌ ကြေညာခဲ့သည့် New & Next အစီအစဉ်အရ ၂၀၂၀အတွက် GMM က ထုတ်လွှင့်မည့် ဇာတ်ကား ၁၂ကားတွင် တစ်ကားအပါအဝင်ဖြစ်သည်။[2][3]
မူလက ၂၀၂၀အတွင်း စတင်ထုတ်လွှင့်ရန် ရည်ရွယ်ခဲ့သော်လည်း၊ ၂၀၂၁ ဇန်နဝါရီ ၂၉ရောက်မှ GMM 25 နှင့် LINE TV တို့က အပတ်စဉ်သောကြာနေ့ ည ၈:၃၀ နာရီ နှင့် ၁၀:၃၀ နာရီတို့တွင် အသီးသီး ထုတ်လွှင့်ခဲ့ရာ ဧပြီလ ၂ရက်တွင် ပြီးဆုံးခြင်းသို့ရောက်သည်။[4]