ကြက်တောင်ရိုက်ခြင်း
From Wikipedia, the free encyclopedia
ယခုအခါ မြန်မာနိုင်ငံတွင် ဗက်မင်တန်ခေါ် ကြက်တောင်ရိုက် ကစားခြင်း အလေ့သည် မြို့နယ်အနှံ့ပင် ခေတ်စားနေလေသည်။
အချက်တိုများ စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်း, ပထမဆုံးကစားခဲ့ ...
Two Chinese pairs compete in the mixed doubles gold medal match of the 2012 Olympics | |
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်း | ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ် |
---|---|
ပထမဆုံးကစားခဲ့ | ၁၉ ရာစု |
ဝိသေသလက္ခဏာများ | |
ထိတွေ့မှု | မရှိ |
အသင်း အဖွဲ့ဝင်များ | တစ်ဦးချင်း နှင့် အတွဲလိုက် |
ကျားမ ရောနှော | မှန် |
ကဏ္ဍ | ရက်ကက် အားကစား၊ ပိုက်ကျော် အားကစား |
ကိရိယာ | ကြက်တောင်၊ ရက်ကက် |
အိုလံပစ် | ၁၉၉၂–လက်ရှိ |
ပိတ်ရန်
ကြက်တောင်ရိုက်ကစားခြင်းသည် နူးညံ့သိမ်မွေ့၍ လက်မှခြေထောက်အထိ တစ်ကိုယ်လုံး လှုပ်ရှား ပြေးလွှားရသောကြောင့် ချွေးများထွက်ပြီးလျှင် ဣရိယာပုတ် မျှတသော ကစားမျိုးဖြစ်လေသည်။ အသက်အရွယ်၊ ကျားမ မရွေး ကစားနိုင်ခြင်း၊ နေရာမရွေး ကစားနိုင်ခြင်း၊ ပစ္စည်းကိရိယာ လိုအပ်ချက် အတွက် အကုန်အကျ အသင့်အတင့်သာ ရှိခြင်း တို့ကြောင့် အချို့ ဝါသနာထုံ၍ ကျန်းမာလိုသောသူများမှာ နွေမိုးမရှောင်ဘဲ ကြက်တောင်ရိုက် ကစားကြသည်။