![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f7/Ricinus_March_2010-1.jpg/640px-Ricinus_March_2010-1.jpg&w=640&q=50)
ကြက်ဆူပင်
အပင်မျိုးစိတ်များ / From Wikipedia, the free encyclopedia
ကြက်ဆူပင်သည် နွေးသောရာသီဥတုရှိသည့် ဒေသများ၌ အပေါက်ရောက်ဆုံး ဖြစ်သည်။ အများအားဖြင့် နှစ်ကြာခံပင်မျိုး ဖြစ်၍ မြေဩဇာကောင်းသော အရပ်၌ ပေ ၃ဝ အမြင့်အထိ ရှည်နိုင်သည်။ အေးသောဒေသများ၌ကား တစ်နှစ်သာလျှင် ခံ၍ အပင်၏အမြင့်မှာ ၄ ပေကျော်ခဲသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f7/Ricinus_March_2010-1.jpg/640px-Ricinus_March_2010-1.jpg)
Ricinus (plant) communis | |
---|---|
![]() | |
Leaves and flowers (male flowers on top) | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malpighiales |
မျိုးရင်း: | Euphorbiaceae |
မျိုးရင်းသေး: | Acalyphoideae |
မျိုးဇာတ်: | Acalypheae |
မျိုးဇာတ်သေး: | Ricininae |
မျိုးစု: | Ricinus L. |
မျိုးစိတ်: | R. communis |
ဒွိနာမ | |
Ricinus communis L. | |
ကြက်ဆူပင်၌ လက်ခြားရွက်ကြီးများ ရှိသည်။ အစေ့သည် အရွယ်အမျိုးမျိုး ပုံအမျိုးမျိုးရှိ၍ ယင်း၏အရောင်မှာ ညိုမှိုင်း မှိုင်း ဖြစ်သည်။ အသီး၌ အမွေးကြမ်းများရှိသည်။ အရွက်ကို ပိုးမျှင်ကောင်များ စားသည်။ အစေ့မှရသော အဆီကို ဝမ်းနုတ် ဆေးအဖြစ် သုံးရသည့်ပြင် ချောဆီ၊ လှည်းဆီ၊ သားရေ၊ ဆပ်ပြာများ လုပ်ရာ၌လည်း သုံးရသည်။ ကမ္ဘာတွင် ကြက်ဆူ စေ့ အများဆုံး ထုတ်ရောင်းနိုင်သော နိုင်ငံများမှာ ဘရာဇီး နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း၌ အလေ့ကျပေါက်သော ကြက် ဆူပင် အများအပြားကို တွေ့ရသည်။ တစ်ခါတစ်ရံ ကြက်ဆူ ပင်များကို စိုက်ပျိုးယူကြသည်။ ကြက်ဆူရိုးကြီး၊ ကြက်ဆူရိုးနီ၊ ကြက်ဆူရိုးဖြူတို့ ရှိကြရာ ကြက်ဆူရိုးကြီးသည် အရွက်ကြီး သော ကြက်ဆူပင်မျိုး ဖြစ်သည်။ ယင်းကို သင်္ဘောကြက်ဆူဟု လည်း ခေါ်သည်။ ကြက်ဆူရိုးနီသည် အရိုးနီသော ကြက်ဆူပင် မျိုး ဖြစ်၍ ကြက်ဆူရိုးဖြူသည် အရိုးဖြူသော ကြက်ဆူပင်မျိုး ဖြစ်သည်။ ကြက်ဆူရိုးကြီးအရွက်မှရသော အစေးကို အနာလိမ်း ဆေးအဖြစ် သုံးရသည်။ အစေ့မှရသော ဆီကို ဝမ်းနုတ်ဆီ၊ အန်ဆေးအဖြစ် သုံးရ၍ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ချောဆီများ လုပ်ရာ၌လည်း သုံးရသည်။ ရှေးအခါက ကြက်ဆူရိုးဖြူ အရိုးကိုပြာချ၍ သစ်သားသင်ပုန်းချေရာတွင် အသုံးပြုကြသည်။ [1]
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ သမနွေးပိုင်းရာသီ ကို နှစ်သက်သော်လည်းပူပြင်း ခြောက်သွေ့သောဒေသများတွင်လည်း ဖြစ်ထွန်းသည်။ မြစ်နားကမ်းနား ချောင်းမြောင်းပေါသည့်
ဒေသများတွင် သဘာ၀အလျောက် ပေါက်ရောက်သည်။ သဘာ၀အလျောက် ပေါက်ရောက်သော်လည်း ယခုအခါ အသီးမှ အဆီများ ထုတ်ယူရန်အတွက် ကျယ်ပြန့်စွာ စိုက်ပျိုးသည်ကို တွေ့ရသည်။ မြေအမျိုးအစား။ ။ အလွန်စေးသည့်မြေမှ တစ်ပါး မည်သည့် မြေမဆို စိုက်ပျိုးနိုင်သည်။ တောင်ခြေရှိ မြေနီ ၊ မြေဝါ ၊ သဲဲမြေကြမ်းများတွင် စိုက်ရန် အထူးသင့်လျော်သည်။ မြေဖွာ၍ ရေစိမ့်ဝင်နိုင်ရန် လိုအပ်သည်။ စိုက်ပျိုးမည့်မြေကို လိုအပ်သလို ပြုပြင်ပြီး မျိုးစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးရသည်။ အတန်းလိုက် စိုက်ပျိုးသင့်သည်။ တစ်တန်းနှင့် တစ်တန်း ၆ ပေ အကွာထားပြီး ၂ ပေကွာ အတန်းလိုက် ကျင်းကလေးများ တူး၍ တစ်ကျင်းလျှင် မျိုးစေ့ ၃-၄ စေ့ချပေးသင့်သည်။ စိုက်ပြီးလျှင် မျိုးစေ့များအား မြေဖြင့် ဖုံးပေးရမည်။ မြေခြောက်သွေ့နေလျှင် တွင်းစေ့အောင် ရေခံစိုက်သင့်သည်။ အစေ့မှအပင်ပေါက်ရန်၈ရက်၁၀ရက်ခန့်ကြာသည်။ အပင်မြင့်၃ ပေခန့်ရှိသောအခါ ခေါင်နှိမ်ပေးခြင်းအားဖြင့် အကိုင်းအခက်များစွာ ဖြာထွက်လာပြီး အသီးထွက် ပိုမိုလာနိုင်သည်။ စိုက်ပြီး ၄ လအကြာတွင် ကြက်ဆူသီးများ ရင့်မှည့်လာ၍ ညိုလျက် ရှိသော အသီးများ ကွဲအက်စပြုလာသောအခါတွင် လက်ဖြင့် ဆွတ်ခူးရသည်။ အသီးခူးချိန်အား ၃ လခန့် အထိ ဆက်လက် ခူးသွားနိုင်သည်။ ဆွတ်ခူးပြီးအသီးများအား လုံး၀ခြောက်အောင်နေလှန်းထားခြင်းအားဖြင့် အသီးများ အက်ကွဲပြီး အစေ့များ ရရှိနိုင်သည်။