From Wikipedia, the free encyclopedia
"ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"ဟုခေါ်သော ကာတွန်းပုံသည် လူတစ်ယောက်ကို ဇဝေဇဝါဖြစ်စေနိုင်သော ပုံတစ်ခု ဖြစ်သည်။
အမေရိကန် ကာတွန်းဆရာ ဝီလီယံ အယ်လီ ဟစ်လ်(၁၈၈၇-၁၉၆၂)က "ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"ပုံကို ၁၉၁၅-ခုနှစ် နိုဝင်ဘာ ၆-ရက်နေ့တွင် ပတ်ခ်ဟုခေါ်သော အမေရိကန်ဟာသမဂ္ဂဇင်းတစ်ခု၌ "သူတို့ နှစ်ယောက်စလုံး ဒီပုံမှာပါတယ်။ ရှာကြည့်ပါ။" ဆိုတဲ့ စာတမ်းလေးနှင့် တွဲပြီး ပုံနှိပ်ထုတ်ဝေခဲ့သည်။[1] အဆိုပါပုံနှင့် ဆင်တူသော ပို၍ ရှေးကျသောပုံကို ၁၈၈၈-ခုနှစ်က ထုတ်ဝေသော ဂျာမန် ပို့စကတ်တစ်ခုတွင်လည်း တွေ့နိုင်သည်။[2] ၁၉၃၀-ခုနှစ်တွင် အက်ဒဝင်ဘောရင်းက အဆိုပါပုံကို "ဇဝေဇဝါဖြစ်စေနိုင်သော ပုံအသစ်တစ်ခု"ဟူသော စာတမ်းတစ်စောင်ဖြင့် စိတ်ပညာရှင်များအား မိတ်ဆက်ပေးလိုက်ချိန်မှ စပြီး၊ ထိုပုံသည် ကျောင်းသုံးစာအုပ်များနှင့်လက်တွေ့ပညာရပ်ဆိုင်ရာ စမ်းသပ်မှုများတွင် အသုံးများလာခဲ့သည်။[3][4] |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.