မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
ကျောက်ဆည်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ဆည်မြို့ ဖြစ်သည်။
ကျောက်ဆည်မြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ | |
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°36′47″N 96°7′49″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ကျောက်ဆည် |
မြို့နယ်ရုံးစိုက်ရာမြို့ | ကျောက်ဆည်မြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၅၇,၅၄၅ [1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ကျောက်ဆည်အဖြစ် အမည်မတွင်မီက မြစ်သာ (မ္လစ်သာ)ဟု အမည်တွင်ပြီး သာယာသောမြစ်ရှိသောနေရာဖြစ်၍ မြစ်သာရွာဟုခေါ်သည်။ ကျောက်ဆည်ဟူသောအမည်သည် ဇော်ဂျီမြစ်ကို ကျောက်များဖြင့် ဆည်ဖို့ထားခြင်းကြောင့် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၆မိနစ်နှင့် ၂၂ဒီဂရီ ၂မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၉၇မိနစ်နှင့် ၉၆ဒီဂရီ ၅၈မိနစ် အကြားတွင် တည်ရှိသည်။ ၇၂၅.၂၈စတုရန်းမိုင် ကျယ်ဝန်းသည်။
ကျောက်ဆည်နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်နှင့် ရွာငံမြို့နယ်၊တောင်ဘက်တွင် မြစ်သားမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် စဉ့်ကိုင်မြို့နယ်များဖြင့် ထိစပ်နေသည်။
ကျောက်ဆည်မြို့နယ်အတွင်းတွက် ဇော်ဂျီမြစ်၊ပန်းလောင်မြစ်နှင့် စမုံမြစ်တို့သည် အရှေ့တောင်မှ အနောက်မြောက်ဘက်သို့ စီးဆင်းနေသည်။ ကျောက်ဆည်မြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၁ပေတွင် တည်ရှိသည်။ မြို့နယ်အတွင်းရှိ ရွှေသာလျောင်းတောင်မှာ ၉၇၃ပေမြင့်ကာ အမြင့်ဆုံးတောင်ဖြစ်သည်။
ကျောက်ဆည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရခိုင်၊ရှမ်း၊ကရင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်နှင့် ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
ကျောက်ဆည်မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည်တို့ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ ရောင်းချသည်။ဤမြို့နယ်တွင် စိုက်ပျိုးရေးနှင့်အသက်မွေးသူ များစွာနေထိုင်ကြပြီး ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသီးနှံများ ဖြစ်ထွန်းပြီး စီးပွားရေး အထိုက်အလျောက်ကောင်းမွန်သည်။[2]
ကျောက်ဆည်မြို့နယ်အတွင်းတွင် ရန်ကုန်-မန္တလေးလမ်းသည် ၁၅.၃မိုင်ခန့်ဖြတ်သန်းသွားသည်။ ဘဲလင်း-ရဲရွာလမ်း၊ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံ-အောင်ပန်း-တောင်ကြီးမြို့များသို့ အချိန်တိုစွာသွားလာနိုင်သည့် ဟံမြင့်မိုရ်လမ်းခွဲတို့မှာလည်း ထင်ရှားသည်။ ရန်ကုန်-မန္တလေး ရထားလမ်းမှာလည်း ဤမြို့နယ်အတွင်းဖြတ်သန်းသွားသည်။[2]
ကျောက်ဆည်မြို့နယ်တွင်
ကျောက်ဆည်တက္ကသိုလ် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တည်ရှိသည်။[2]
အထက်တန်းကျောင်း ၉ကျောင်းရှိသည်။
မူလတန်း၊မူလွန်၊အလယ်တန်း (ခွဲ) ၁၆၇ကျောင်းရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.