ကျောက်ကပ်ရောင်ရောဂါ
လူ့ရောဂါ / From Wikipedia, the free encyclopedia
ကျောက်ကပ်ရောင်ရောဂါ Pyelonephritis /paɪəloʊnəˈfraɪtɪs/ (ဂရိစကား πύελο|ς pýelo|s, "ဇလုံ" + νεφρ|ός nepʰrós, "ကျောက်ကပ်" + suffix -itis ဆိုသည်မှာ "ရောင်ရမ်းခြင်း") ဟုဆိုရာတွင် ကျောက်ကပ် အတွင်းအသားစများ၊ ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်း ရောင်ရမ်းခြင်းတို့ပါဝင်သည်။[1] အများအားဖြင့် ဘက်တီးရီးယားပိုးများဟာ ဆီးလမ်းကြောင်းမှသော်လည်းကောင်း၊ သွေးလည်ပတ်မှုစနစ်မှတဆင့်သော်လည်းကောင်း ကျောက်ကပ်သို့ရောက်ရှိသောကြောင့် ရောင်ရမ်းရခြင်း ဖြစ်သည်။[2]
ကျောက်ကပ်ရောင်ရောဂါ | |
---|---|
CD68 immunostaining on this photomicrograph shows macrophages and giant cells in a case of xanthogranulomatous pyelonephritis | |
အထူးပြု | Urology Nephrology |
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်းများ ရောင်ရမ်းခြင်းကို "pyelitis" လို့ သတ်သတ် ခေါ်ဆိုနိုင်ပါတယ်။[3][4] တစ်နည်းဆိုသော် ဆီးစုပြွန်များ၊ ကျောက်ကပ်ပြွန်အရင်းများရောင်ရမ်းခြင်း "pyelitis" နှင့် ကျောက်ကပ်ရောင်ရမ်းခြင်း "nephritis" ကိုပေါင်း၍ ကျောက်ကပ်ရောင်ရောဂါ "pyelonephritis" ဟု ခေါ်ဆိုခြင်းဖြစ်သည်။ အခြေအနေဆိုးရွားပါက ကျောက်ကပ်တွင် ပြည်တည်ခြင်း "pyonephrosis"၊ သွေးဆိပ်တက်ခြင်း "sepsis" (ပြင်ပမှဝင်ရောက်လာသော ရောဂါပိုးမွှားများအား ခန္ဓာကိုယ်မှတုံ့ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်ခြင်း) (a systemic inflammatory response of the body to infection)၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။
အဖျားကြီးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ဗိုက်နာခြင်း (ကျောအောင့်ခြင်း)၊ ပျို့ခြင်း၊ ရောင်သောဘက်၌ စမ်းလျှင်နာခြင်း စသော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ကျောက်ကပ်ရောင်ရမ်းခြင်းအဆင့်မှ ဆီးဆိပ်တက်ခြင်း "urosepsis" သို့ တိုးတက်ရောက်ရှိပါက သွေးဆိပ်တက်ခြင်းကြောင့် ရှော့ခ်ရခြင်း "septic shock" လက္ခဏာများဖြစ်သည့် အသက်ရှူမြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ခိုက်ခိုက်တုန်တက်ခြင်းနှင့် ရံဖန်ရံခါ ဂယောင်ဂတမ်းဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်။ ထိုသို့ဖြစ်ပါက ပဋိဇီဝဆေးများဖြင့်ကုသရန် လိုအပ်သည်။ တခါတရံ ureteroscopy, percutaneous nephrostomy or percutaneous nephrolithotomy ကဲ့သို့သော နည်းလမ်းများဖြင့် ကုသရန်လိုအပ်သည်။ ထို့အပြင် နောက်တစ်ကြိမ်ဖြစ်ခြင်းမှ ကာကွယ်ရန် နောက်ကွယ်က ဖြစ်ကြောင်းကိုလည်း ကုသရန် လိုအပ်သည်။ ရှားရှားပါးပါး Xanthogranulomatous ကျောက်ကပ်ရောင်ရောဂါတွင်တော့ ကျောက်ကပ်ထုတ်ပယ်ခြင်းသည်သာ အထိရောက်ဆုံးကုသမှု ဖြစ်သည်။