![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/52/Emblem_of_the_United_Nations.svg/langmy-640px-Emblem_of_the_United_Nations.svg.png&w=640&q=50)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
From Wikipedia, the free encyclopedia
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary-General of the United Nations; အတိုကောက် UNSG သို့မဟုတ် SG) သည် ကုလသမဂ္ဂ၏ ပင်မဌာနငါးခုတွင် အပါအဝင်ဖြစ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အကြီးအကဲဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ၏ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ယူသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ၏ အခန်း ၁၅ တွင် ဖော်ပြထားသည်။
အချက်တိုများ ကုလသမဂ္ဂ ၏ အထွေထွေ အတွင်းရေးမှူးချုပ်, ပုံစံ ...
ကုလသမဂ္ဂ ၏ အထွေထွေ အတွင်းရေးမှူးချုပ် | |
---|---|
![]() ကုလသမဂ္ဂ၏ အလံတော် | |
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး | |
ပုံစံ | His Excellency |
စံအိမ် | Sutton Place |
ရုံးတည်နေရာ | ကုလသမဂ္ဂဌာနချုပ် နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု |
အဆိုပြုသူ | လုံခြုံရေးကောင်စီ |
ခန့်အပ်သူ | အထွေထွေညီလာခံ |
သက်တမ်း | ၅ နှစ် (သက်တမ်းတိုးနိုင်၊ ၂ ကြိမ်ထိ ကန့်သတ်ထား) |
ဖွဲ့စည်းပုံ အခြေခံဥပဒေ | ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ |
စတင်ထမ်းဆောင်သူ | ![]() |
ဖွဲ့စည်းခြင်း | ဇွန် ၂၆၊ ၁၉၄၅; ၇၈ နှစ် အကြာက (၁၉၄၅-၀၆-26) |
လက်ထောက် | ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် |
ဝက်ဘ်ဆိုဒ် | un.org/sg |
ပိတ်ရန်
၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်မှာ အန်တိုနီရို ဂူတာရက်စ် ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှတဆင့် ခန့်အပ်ခဲ့သည်။