ကိုရီးယားဘာသာစကား
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ကိုရီးယားဘာသာ(ကိုရီးယား: 한국어/韓國語) သို့မဟုတ် ဂျိုဆောန်စကား(ဂျိုဆောန်: 조선말/朝鮮말)သည် ကိုရီးယားသမ္မတနိုင်ငံတော်နှင့် ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ရုံးသုံးဘာသာစကား ဖြစ်သည်။ ဤ ဘာသာစကား နှစ်ရပ်သည် အက္ခရာဖလှယ်ပုံ၊ သဒ္ဒါ၊ ကြိယာ နောက်ဆက်၊ အသုံးအနှုန်း စသည်တို့၌ ကွာခြားချက် အချို့ ရှိကြသည်။
ကိုရီးယားဘာသာစကား | |
---|---|
한국어(韓國語)・조선말(朝鮮말) | |
အသံထွက် |
|
ဒေသခံ | တောင်ကိုရီးယား မြောက်ကိုရီးယား |
ဒေသ | တရုတ် ဂျန်ဘိုင့်ဂျိုဆောန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် |
လူမျိုးစု | ကိုရီးယားနွယ် |
ဒေသခံ ပြောဆိုသူများ | သန်း ၈၀ ခန့်[၁] |
ကိုရီးယားနွယ်ရင်း | |
အစောပိုင်းပုံစံများ | ရှေးဦးကိုရီးယားဘာသာ
|
စံပုံစံများ | ဖျိုဂျွန်းအော
မွန်းဟွာအော
|
ဒေသိယစကား | ကိုရီးယားဒေသိယဘာသာစကား |
စာအရေးအသားစနစ် |
|
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | တောင်ကိုရီးယား မြောက်ကိုရီးယား တရုတ် ယန်ပျန့်ဂျိုဆောန်နွယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်・ဂျန်ဘိုင့်ဂျိုဆောန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် |
တရားဝင် ထိန်းသိမ်းသူ | |
ဘာသာစကားကုဒ်များ | |
ISO 639-1 | ko |
ISO 639-2 | kor |
ISO 639-3 | kor |
Linguist List | kor |
Glottolog | kore1280 [၂] |
Linguasphere | 45-AAA-a |
ဂျိုဆောန်စကား・ကိုရီးယားဘာသာတို့၏ တရားဝင် အသုံးပြုရာ ဒေသ | |
ကမ္ဘာ့ဒေသ အသီးသီးတွင် ကိုရီးယားမျိုးနွယ်တို့ ပြောင်းရွှေ့အခြေချလာကြသည်နှင့် အမျှ ကမ္ဘာတဝန်းလုံးတွင် ကိုရီးယားဘာသာစကားကို အသုံးပြုလာကြသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလဦးပိုင်းအရ ကိုရီးယားဘာသာစကား အသုံးပြုသူ လူဦးရေသည် သန်း ၈၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.