ကာအိုလင်
From Wikipedia, the free encyclopedia
ကာအိုလင် (Kaolin) သည် တရုတ်ဘာသာစကားဖြစ်၍ မြေစေးဟု အဓိပ္ပာယ်ရသည်။ ဖြူဖွေး၍ စေးထန်းသည်။ သဘာဝမြေထွက်ပစ္စည်းဖြစ်၍ မြေဖြူတစ်မျိုးပင် ဖြစ်သည်။ ချယ်ဆေး အမျိုးမျိုးတွင် ထည့်၍ စပ်သည်။ မျက်နှာပြင် ပြောင်ချောသော စက္ကူများ (အတ်ပေပါ) ပြုလုပ်ရာတွင် သုံးသည်။ ကြွေထည်အကြမ်း အောက်ခံပြုလုပ်ရာ၌လည်း သုံးသည်။ အနာအုံရန် ဆေးတစ်မျိုးအဖြစ် ဖော်စပ်သုံးစွဲသည်။ အကြိတ်များ ပြည်မှည့်လွယ်စေသည်။ အမှုန့်အဖြစ် ရောင်းချသည်။[1]