ကလစ်ဗ်ဒန်

အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားနယ်၊ တက်ပ်လိုးရှိ အီတလီပုံစံ အိမ်တော် From Wikipedia, the free encyclopedia

ကလစ်ဗ်ဒန်

ကလစ်ဗ်ဒန် (Cliveden) သည် အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားနယ်၊ တက်ပ်လိုး ရှိ အီတလီပုံစံ ဆောက်လုပ်ထားသော အိမ်တော် နှင့် ပုရဝဏ်ဖြစ်သည်။ သိမ်းမြစ်အထက် မီတာ ၄၀ အမြင့်တွင် ရှိပြီး ၎င်း၏ မြေမှာ သိမ်းမြစ်အတွင်းသို့ လျှောတိုက် ဆင်းသွားသည်။ ထိုနေရာသည် အားလ် တစ်ဦး၊ ဒျု တစ်ဦး၊ ဝေလမင်းသား နှင့် ဗစ်စကောင့် အက်စ်တာ တို့၏ နေအိမ်ဖြစ်ခဲ့ဖူးသည်။

Thumb
View looking north from the Ring in the Parterre showing Terrace Pavilion and Clock Tower to the left with Lower Terrace and Borghese Balustrade below

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော်အမတ် နန်စီ အက်စ်တာ၏ နေအိမ် ဖြစ်ခဲ့သဖြင့် ထိုနေရာသည် ၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များအတွင်း ကလစ်ဗ်ဒန် ဆက် ဟု ခေါ်သော နိုင်ငံရေးသမားတို့၏ ဆုံတွေ့ရာ နေရာတစ်နေရာဖြစ်ခဲ့ဖူးသည်။ ၁၉၇၀ ခုနှစ်များတွင် ကယ်လီဖိုးနီးယားပြည်နယ် မှ စတန်းဖို့ဒ် တက္ကသိုလ်၏ ရေခြားမြေခြား ကျောင်းပုရဝုဏ် တစ်ခု အဖြစ် ရှိခဲ့သည်။ ယနေ့တွင်မူ နေရှင်နယ် ထရပ်စ်မှ ပိုင်ဆိုင်ပြီး ကြယ်ငါးပွင့် ဟိုတယ်တစ်ခုအဖြစ် ဗွန် အက်ဆန် ဟိုတယ်အဖွဲ့အား ငှားရမ်းထားသည်။

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.