![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/59/Karaweik_at_night.jpg/640px-Karaweik_at_night.jpg&w=640&q=50)
ကရဝိက်
From Wikipedia, the free encyclopedia
ကရဝိက် (သို့) ကရဝိက် ဖောင်သည် ကန်တော်ကြီး၏ အရှေ့ဘက်ကမ်းနားတွင် တည်ရှိသည်။ ၎င်းဖောင်အား ဗိသုကာပညာရှင် ဦးငွေလှိုင် သည် တော်ဝင်ပြည်ကြီးမွန် ဖောင်အားအခြေခံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ [1]၁၉၇၂ ခုနှစ်၊ ဇွန်လတွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၇၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ ဤဖောင်သည် ကွန်ကရစ် နှစ်ထပ်အမျိုးအစားဖြစ်ပြီး သံချောင်းများဖြင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပြီး အမိုးကိုပြာသာဒ် အမိုးဖြင့် တည်ဆောက်ထားသည်။[2][3]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/59/Karaweik_at_night.jpg/640px-Karaweik_at_night.jpg)