![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/be/Former_flag_of_the_Karen_National_Liberation_Army.svg/langmy-640px-Former_flag_of_the_Karen_National_Liberation_Army.svg.png&w=640&q=50)
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)
From Wikipedia, the free encyclopedia
ကေအင်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ကို ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည်။ ထော့ကိုကိုးအခြေချ သောဗိုလ်ချုပ် ထိန်မောင် ဦးစီးသော အဖွဲ့သည် ၂ဝဝရ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကေအင်ယူမှ ခွဲထွက်ကာ နအဖ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ကေအင်ယူ-ကေအင်အယ်အေ ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
![](http://upload.wikimedia.org/wikipedia/commons/thumb/b/be/Former_flag_of_the_Karen_National_Liberation_Army.svg/320px-Former_flag_of_the_Karen_National_Liberation_Army.svg.png)
ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့မှာ KNU တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် ကေအင်အယ်လ်အေငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဖြစ်ပြီး မွန်ပြည်နယ် ဘုရားသုံးဆူမြို့ဒေသတွင် အခြေစိုက်သည်။ ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။
ယခုအခါ ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ ဒေသတွင် ဗိုလ်မှူးချုပ် ထိန်မောင်သည် နယ်မြေတချို့ ရရှိထားသည်။ ထိုဒေသတွင် တည်ဆောက်မည်ဟု ဆိုသော စီးပွားရေးဇုန်၏ လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖြစ်လာမည့် သူ၏တပ်များကို လေ့ကျင့်ပေးဖွယ်ရှိသည်။ သို့သော်လည်း ထိုလှုပ်ရှားမှုများသည် KNU အား တိုက်ခိုက်ရေးအတွက် ပြင်ဆင်မှုများ ဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုသည်။ ကရင်ပြည်နယ်အတွင်းတွင် ကေအင်အယ်လ်အေငြိမ်းချမ်းရေးကောင်စီ၏တပ်များနှင့် KNU တပ်များ ရံဖန်ရံခါ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ၂၀၀၉ ခု မတ်လဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့ တဖွဲ့ဖြစ် သည့် ဗိုလ်ဌေးမောင်၏ ကေအင်ယူ/ကေအင်အယ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။