![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/34/Bombenkalorimeter_mit_bombe.jpg/640px-Bombenkalorimeter_mit_bombe.jpg&w=640&q=50)
ကယ်လိုရီမီတာ
From Wikipedia, the free encyclopedia
ကယ်လိုရီမီတာ (အင်္ဂလိပ်: Calorimeter) ဆိုသည်မှာ အပူတိုင်းတာရာတွင် အသုံးပြုသော ပစ္စည်းဖြစ်သည်။ အရည်တစ်ခုတွင် ပြင်ပအပူရှိန်များ စွက်ဖက်ခြင်း မပြုစေဘဲ ပကတိအတိုင်း တိုင်းထွာရန်သုံးသည်။ ကြေးနီပြား (သို့) ဒန်ဖြင့်ပါးလွှာစွာ ပြုလုပ်ထားသော ခွက်တစ်ခုကို အတွင်းမှ အပူများ ထွက်မသွားစေရန်နှင့် အပြင်မှ အပူများ အတွင်းသို့ ဝင်မလာစေရန် အခြားခွက်ကြီးတစ်ခုတွင် ဝါဂွမ်းခံ၍ ထည့်ကာ တိုင်းတာမည့် အရည်များ အပူချိန်မျှသွားစေရန် ကြေးနီမွှေတံဖြင့် မွှေပေးရလေသည်။[1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/34/Bombenkalorimeter_mit_bombe.jpg/640px-Bombenkalorimeter_mit_bombe.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/9c/Bomb_Calorimeter.png/640px-Bomb_Calorimeter.png)