ကမ္ဘာ့ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ညွှန်းကိန်း
From Wikipedia, the free encyclopedia
ကမ္ဘာ့ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ညွှန်းကိန်း ဆိုသည်မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ နှစ်စဉ် ကမ္ဘာ့နိုင်ငံများတွင် ရေးသားထုတ်ဖော်ပြောဆိုခွင့်များ မည်မျှတိုးတက်လာပုံကို ယမန်နှစ် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကာ အမှတ်ပေးသည့် ပုံစံမျိုးဖြစ်သည်။ အမှတ်အနည်းဆုံးရရှိသည့်နိုင်ငံသည် လွတ်လပ်ခွင့်အများဆုံးရရှိသည့် နိုင်ငံများဖြစ်သည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် သတင်းထုတ်ဖော်ရေးသားပြောဆိုနိုင်ခွင့်ကိုသာ ဦးစားပေးနှိုင်းယှဉ်လေ့ရှိပြီး၊ သတင်းများ၏ အရည်အသွေးကို လေ့လာကာ အမှတ်ပေးခြင်းမျိုးမဟုတ်ပေ။
သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ အမြဲထိပ်ဆုံးတွင်ရှိနေခဲ့ကြသည့် ဥရောပတိုက်မှ ဖင်လန်၊ နယ်သာလန် နှင့် နော်ဝေ နိုင်ငံတို့သည် ကမ္ဘာ့ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ညွှန်းကိန်း ၂၀၁၃၌ နံပါတ် ၁၊ ၂ နှင့် ၃ နေရာများ၌ ထိပ်ဆုံးအဖြစ် နေရာယူခဲ့ကြသည်။ လွတ်လပ်ခွင့်အရှိဆုံးနိုင်ငံများမှ အဆိုးဆုံးနိုင်ငံများအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၉ နိုင်ငံအား အစဉ်လိုက်ဖော်ပြထားရာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၅၁ နေရာ၌ ရရှိခဲ့ပြီး၊ ၂၀၁၂ခုနှစ်၌ ရရှိခဲ့သည့် အဆင့် ၁၆၉ နှင့် ယှဉ်ကြည့်ပါမူ ၁၈နေရာ မြင့်တက်လာခဲ့သည်။[1]