![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/b7/SevenWondersOfTheWorld.png/640px-SevenWondersOfTheWorld.png&w=640&q=50)
ကမ္ဘာ့အံ့ဖွယ်များ
From Wikipedia, the free encyclopedia
နှစ်ပေါင်းများစွာအတွင်း၌ ကမ္ဘာပေါ်ရှိ လူတို့တည်ဆောက်ခဲ့သော အရာများနှင့် သဘာဝအလျောက် ဖြစ်ပျက်နေသောအရာများကို စုစည်း၍ ကမ္ဘာ့အံ့ဖွယ်များ အဖြစ် စာရင်းအမျိုးမျိုးပြုစုခဲ့ကြသည်။ ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးသည် အစောဆုံးတွေ့ရသောစာရင်းဖြစ်ပြီး လူသားတို့၏ ထင်ရှားသော ရှေးဟောင်း ဂန္ထဝင် တည်ဆောက်မှုနှင့်ပတ်သက်နေသည်။ ထိုစာရင်းသည် ရှေးခေတ်ဂရိ ရှုခင်းကြည့်သူတို့၏ လမ်းညွှန်စာအုပ်ကို အခြေခံထားခြင်းဖြစ်ပြီး မြေထဲပင်လယ်ဒေသ ပတ်ဝန်းကျင်ရှိ အရာများသာပါဝင်သည်။ ခုနစ် ဂဏန်းကို ရွေးချယ်ထားခြင်းမှာ ဂရိလူမျိုးတို့အနေနှင့် ထူးခြားဆန်းကြယ်သော ဂဏန်းအဖြစ်မှတ်ယူထားသောကြောင့် ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/b/b7/SevenWondersOfTheWorld.png/320px-SevenWondersOfTheWorld.png)