ကမီယိုပန်းပြောက်
From Wikipedia, the free encyclopedia
လူတို့ အဆင်အယင်တန်ဆာအဖြစ် အသုံးပြုကြသော ပစ္စည်းအမျိုးမျိုးတွင် မိမိတို့ နှစ်သက်ရာ ကိုးကွယ်ရာ အထိမ်းအမှတ်ပြုရာ ရုပ်ပုံများကို အကြွထွင်းထု ထားသော ကျောက်မျက်ဖြင့် ပြုလုပ်သည့် ပစ္စည်းများလည်း ပါဝင်လေသည်။ ထိုကျောက်မျက်များကို 'ကမီယို'ဟု ခေါ်၍ အချိုင့်ထွင်း ကျောက်မျက်များကို 'အင်တဲလယို'ဟု ခေါ်သည်။ ကမီယိုပန်းပြောက်ကိုသုံးသော အလေ့အထသည် လူတို့တွင် ရှေးအခါမှစ၍ ရှိခဲ့၏။ ရှေးက ကျောက်မျက် များတွင်သာမက
ယောက်သွားခွံများ၊ ခရုခွံများ၊ ကနုကမာများပေါ်တွင်လည်း ပုံကြွများဖော်၍ ဝတ်ဆင်ခဲ့ကြသည်။ ကျောက်မျက်များကို ပုံကြွ များဖော်ရာတွင် အရောင်နှစ်မျိုးသုံးမျိုး ထပ်လျက်ရှိသော ကျောက်မျက်များသည် အလွန်ကောင်း၏။ အပေါ်ယံအရောင် တွင် လိုရာပုံစံကို ထုလုပ်၍ မလိုသောအပိုင်းကို ထွင်းပစ် လိုက်သောအခါ အောက်ထပ်ရှိအရောင်သည် နောက်ခံကား သဖွယ် ဖြစ်နေပေသည်။ အရောင်တစ်မျိုးတည်း ရှိသော ကျောက်မျက်များပေါ်တွင် ပြုပြင် ဖန်တီးထားသော ကမီယို ပန်းပြောက်သည် ရောင်ကွဲကျောက်မျက် များမှာကဲ့သို့ မလှပချေ။
ရှေးဟောင်းဆူမာလူမျိုးတို့၏ ခေတ်မှ ရောမနိုင်ငံတော်ကြီး ယိမ်းယိုင်ပြိုကွဲချိန်အထိ ကမီယိုပန်းပြောက် များသည် များစွာ ခေတ်စားခဲ့သည်။ ထိုနောက် အတတ်ပညာ ပြန်လည်ဆန်းသစ် ခေတ်ဖြစ်သော ခေတ်ဆန်းချိန်မှယနေ့တိုင်အောင် ကမီယို ပန်း ပြောက်ကို အသုံးပြုလာကြသည်။
ကမီယိုပန်းပြောက်အတတ်မှာ ပန်းပု ရုပ်လုံးထွင်းခြင်း အတတ်၌ အကျုံးဝင်သော်လည်း သေးငယ်သော ကျောက်မျက်တို့ အပေါ်တွင် အလွန်နုနယ်စွာ ပုံဖော်ယူရသဖြင့် သီးသန့် အနုပညာရပ်ဖြစ်ပေသည်။[1]