အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia
ကစော့ပုပ် သည် နေရာဒေသမရွေး ပေါက်တတ်သော အပင်ငယ်တမျိုး ဖြစ်သည်။ မိုးဥတု၌ ထူးထူးခြားခြား ပေါက်တတ်သည်။ အမြစ်သေး၏။ ပင်လုံးမှာ တပင်လုံး အနေနှင့် ခြုံကြည့်သော် ခပ်ဝိုင်းဝိုင်းနေ၍ ရွက်ဆိုင်ထွက်၏။ အရွက်သည် ဝိုင်း၍ အဖျားရှူးသွားသည်။ ဒန်ကျွဲပင်နှင့် ပုံသဏ္ဍာန် တူယောင်ရှိ၏။ အကိုင်းများနူးညံ့၍ ၎င်းတွင် အမွေးနုကလေးများ ရှိသည်။ အပွင့်သည် အဝါရောင်သန်း၍ အဆုပ်အခိုင် ဖြစ်၍ ပွင့်သည်။ အသီးသည် ၄ လက်မ မှ ၅ လက်မအထိ ရှိသည်။ ခပ်ဖောင်းဖောင်းနေ၍ ပြားသည်။ အသီးတောင့် တစ်ခုတွင် အစေ့ အရေအတွက်မှာ ၁၀ မှ ၂၀ အထိ ဖြစ်၏။ ၎င်းသည် အသွေးအရောင်အားဖြင့် အဖြူမျိုး အညိုမျိုးဟူ၍ ၂ မျိုးကွဲပြားသည်။ အရွယ်အစားအားဖြင့် အကြီးမျိုး နှင့် အသေးမျိုး ဟူ၍ ၂ မျိုး ကွဲပြားသည်။ ၂ မျိုးစလုံးမှာ ဆေးဘက်တွင် စွမ်းရည်သတ္တိရှိသည်။ ၎င်းကို ဟင်းချို ချက်စားကြသည်။ ဟင်းရွက်တစ်မျိုးလည်း ဖြစ်သည်။ အချို့ အရပ်ဒေသ၌ ဟင်းပုပ်ဟုလည်းကောင်း၊ ရှမ်းကစော့ဟုလည်းလည်းကောင်း၊ တန့်ကျွဲကြီးဟုလည်းကောင်း ခေါ်ကြသည်။[1]
Coffee senna | |
---|---|
Senna occidentalis | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးဇာတ်: | Cassieae |
မျိုးစု: | Senna |
မျိုးစိတ်: | S. occidentalis |
ဒွိနာမ | |
Senna occidentalis | |
Synonyms | |
Cassia caroliniana, C. ciliata Raf.
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.