From Wikipedia, the free encyclopedia
ကင်ဝူဘင် (ကျောင်းနာမည် ကင်ဟွန်းဂျွန်း ၁၆ ဇူလိုင် ၁၉၈၉ မွေး)သည် တောင်ကိုရီးယား မော်ဒယ်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။[1] အနုပညာခရီးကို ရှိုးလျှောက်မော်ဒယ် တစ်ဦးအနေဖြင့် ၂၀၀၉ ၌ စတင်ခဲ့ပြီး၊ ရုပ်သံဇာတ်လမ်းသရုပ်ဆောင်အနေဖြင့် အဖြူရောင်ခရစ္စမတ်(၂၀၁၁)တွင် ပွဲဦးထွက်လာခဲ့သည်။ ၎င်းနောက် လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ(၂၀၁၂)တွင် လူသိများပြီး၊ ကျောင်း ၂၀၁၃(၂၀၁၃)နှင့် အမွေခံ(၂၀၁၃)တို့ဖြင့် ထိုးဖောက်အောင်မြင်လာသည်။ နောက်တော့ ကင်သည် ဘုတ်ချိတ်သော ရုပ်ရှင်များ ဖြစ်သည့် မိတ်ဆွေ၊ ကြီးမားသော မွေ(၂၀၁၃)၊ လိမ်အနုပညာရှင်(၂၀၁၄)နှင့် နှစ်ဆယ်(၂၀၁၅)တို့၌ သရုပ်ဆောင်သည်။ ၂၀၁၆ တွင် သူ၏ ပထမဦးဆုံး ခေါင်းဆောင်ပါဝင်သည့် ရုပ်သံ (တရုတ်၌ သန်း ၄.၁ ထောင်ကျော် ကြည့်ရှုခြင်း ခံရသော) ထိန်းချုပ်မရအောင် ချစ်ခြင်း၌ ကင်ဆာရောဂါ ခံစားနေရသော အဆိုတော် သရုပ်ဆောင် ရှင်းဂျွန်းယောင်းအဖြစ်၊ မင်းသမီး ဘဲဆူဇီနှင့် တွဲဖက် သရုပ်ဆောင်သည်။
Kim Woo-bin | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
At Uncontrollably Fond press conference, July 2016 | |||||||||||||
မွေးဖွား | Kim Hyun-joong ဇူလိုင် ၁၆၊ ၁၉၈၉ ဆိုးလ်မြို့, South Korea | ||||||||||||
ပညာရေး | ဂျွန်ဂျုတက္ကသိုလ် | ||||||||||||
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ် | ||||||||||||
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၉-ယနေ့ထိ | ||||||||||||
ကိုယ်စားလှယ် | SidusHQ | ||||||||||||
အရပ် | ၁၈၈ cm (၆ ft ၂ in) | ||||||||||||
|
၂၀၁၅ တွင် ကင်သည် လီကျောင်ဟီး ဇာတ်ညွန်းခွဲသော ထိန်းချုပ်မရအောင် ချစ်ခြင်း၌ ပထမဆုံး ခေါင်းဆောင် ပါဝင်သည်။ ရုပ်သံကို ၆ ဇူလိုင် ၂၀၁၆ ၌ စလွှင့်ရာ ပြည်တွင်း၌ ထင်ထားသလောက် ကြည့်ရှုသူ မမီသော်လည်း၊ အာရှတဝန်းနှင့် ပြည်ပတွင် အထူး လူကြိုက်များခဲ့လေသည်။
တရုတ်တွင် ယိုးခု၊ ထူတို့ စသော အင်တာနက်ရုပ်သံနက်ဝပ်တွင် ကိုရီးယားတွင် လွှင့်ပြီး မရှေးမနှောင်း၌ ပြသသည်။ [2]ပရိသတ်ကောင်းစွာ လက်ခံပြီး၊ ထိုဆိုဒ်တွင် ကြည့်ရှုသူ သန်း လေးထောင် တစ်ရာ ရှိခဲ့သည်။[3]
စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဟောင်ကောင်တို့တွင်၊ မူရင်းကိုရီးယား၌ လွှင့်ပြီး တစ်နာရီတွင် တပိုင်းစီကို အင်္ဂလိပ်စာတန်းထိုးနှင့် (Viu)က ပြန်လွှင့်သည်(အင်ဒိုတွင် အင်ဒိုစာတန်းထိုး၊ ဟောင်ကောင်တွင် ရိုးရာတရုတ်စာတန်းထိုးဖြင့်)
ထိုင်းတွင် တောင်ကိုရီးယားတွင် ထုတ်လွှင့်ပြီး တစ်နေ့တည်းတွင် ပြန်လွှင့်သည်။ ၎င်းသည် တောင်ကိုရီးယားနှင့် တချိန်တည်း ထုတ်လွှင့်သော ထိုင်း၏ ပထမဆုံး ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သည်။[4]
ထိုင်ဝမ်တွင် တချိန်တည်း ပြသသည်။[5]
ဗီယက်နမ်တွင်၊ ထုတ်လွှင့်ပြီး ၁၂ နာရီကြာတွင် ဗီယက်နမ်စာတမ်းထိုးဖြင့် ပြန်လွှင့်သည်။[6]
တောင်မြောက်အမေရိကတွင်၊ ထုတ်လွှင့်ပြီး တနာရီကြာ၌ ပြန်လွှင့်သည်။[7][8]
ထို့နောက် သူသည် လီဗြောင်ဟွန်း၊ ကန်ဒုံဝန်တို့နှင့် အပြိုင် မာစတာ ရုပ်ရှင်တွင် သရုပ်ဆောင်ရာ၊ [9] ဒီဇင်ဘာ ၂၀၁၆ ၌ ရုံတင်သော ၎င်းရုပ်ရှင်သည် တောင်ကိုရီးယားတွင် ၂၀၁၆ အရောင်းရဆုံး ရုပ်ရှင်၌ နံပါတ် ၁၁ ချိတ်လေသည်။ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အီတလီ၊ ထိုင်ဝမ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် အခြား နိုင်ငံများ ပါဝင်သော ၃၁ နိုင်ငံသို့ ရောင်းချခဲ့ရသည်။ ဖေဖော်ဝါရီ ၂၀၁၇ အထိ၊ မာစတာသည် တောင်ကိုရီးယားရုပ်ရှင်ဇယားတွင် ဒေါ်လာ ၄၉.၈၁ သန်း မြတ်စွန်းပြီး၊ ကိုရီးယားရုပ်ရှင်ကောင်စီ သတင်းအရ၊ လက်မှတ်ပေါင်း ၇.၁၄ သန်း ရောင်းချခဲ့ပြီဟု ဆိုသည်။[10]
ကင်နှင့် အခင်ဆုံး သူငယ်ချင်းမှာ နောက်တက် မော်ဒယ်သရုပ်ဆောင်လည်း ဖြစ်၊ ကျောင်း ၂၀၁၃ ၌ တွဲဖက် သရုပ်ဆောင်လည်း ဖြစ်သော လီဂျောင်ဆွတ် ဖြစ်ကာ၊ မော်ဒယ်ဘဝကတည်းကပင် စသိခဲ့ကြသည်။ [11][12][13][14]
ဇူလိုင် ၂၀၁၅ တွင်၊ ကင်နှင့် တောင်ကိုရီးယားမင်းသမီး ရှင်းမင်းအာတို့ ချစ်ကြိုက်နေကြောင်း အတည်ပြုလိုက်သည်။ [15]
၂၄ မေ ၂၀၁၇ ၌၊ နှာခေါင်းလည်ချောင်းကင်ဆာ ရောဂါ စွဲကပ်နေကြောင်း ဆေးစစ်တွေ့ရှိရသည်။ ကင်၏ အေဂျင်စီ ဆီဒပ် အိတ်ချ်ကယူက ကင်သည် ဆေးဝါးနှင့် ဓာတ်ကင် ကုသမှု စတင် ခံယူနေပြီ ဖြစ်ကြောင်းနှင့် အနုပညာ လှုပ်ရှားမှုအားလုံး ရပ်တန့်မည် ဖြစ်ကြောင်း ကြေညာသည်။ သူခေါင်းဆောင် ပါဝင်ခဲ့သော ထိန်းချုပ်မရအောင် ချစ်ခြင်း ရုပ်သံဇာတ်လမ်းတွဲထဲကအတိုင်း အပြင်လောက၌ ကင်ဆာရောဂါ ခံစားရခြင်းကြောင့် သူ၏ ပရိသတ်များက သနား ဂရုဏာသက်လျက် ရှိသည်။ [16]
ဧပြီ ၂၀၁၇ တွင်၊ တောင်ကိုရီးယား၊ ပြောင်းချန်းတွင် ကျင်းပမည့် ၂၀၁၈ ဆောင်းအိုလံပစ်ပြိုင်ပွဲအတွက် ဂုဏ်ထူးဆောင် သံတမန်အဖြစ် ကင်ကို ခန့်အပ်ခဲ့သည်။ ကင်သည် ဤကဏ္ဍကို တာဝန်ယူရသော ဒုတိယမြောက် သရုပ်ဆောင် ဖြစ်ပြီး၊ လူကြိုက်များလာအောင် လှုပ်ရှားမှုအမျိုးမျိုး၌ ပါဝင်ပေးရမည် ဖြစ်သည်။[17][18]
Year | Title | Role |
---|---|---|
2012 | Runway Cop | (cameo, last part) |
2013 | Friend: The Great Legacy | Han Sung-hoon |
2014 | The Con Artists | Ji-hyuk |
2015 | Twenty | Chi-ho |
2016 | Master | Park Jang-goon |
2018 | Wiretap | Park Sang-dae |
Year | Title | Role | Network |
---|---|---|---|
2011 | Drama Special White Christmas | Kang Mi-reu | KBS2 |
Drama Special "Cupid Factory" | Roy | ||
Vampire Idol | Woo-bin | MBN | |
2012 | A Gentleman's Dignity | Kim Dong-hyub | SBS |
To the Beautiful You | John Kim (guest, episodes 9-11) | ||
School 2013 | Park Heung-soo | KBS2 | |
2013 | The Heirs | Choi Young-do | SBS |
2016 | Uncontrollably Fond | Shin Joon-young | KBS2 |
Year | Title | Role |
---|---|---|
2014 | Love Cells | Dating god |
Year | Title | Network | Notes |
---|---|---|---|
2011 | Korea's Next Top Model, Cycle 2 | OnStyle | Guest |
2012 | Lord of the Ring | MBC | Guest, episode 1 |
Battle Between Women Who Cook and Men Who Never Die |
QTV | Guest with Hong Jong-hyun | |
2013 | Running Man | SBS | Guest, episodes 138, 166 |
Hello Counselor | KBS2 | Guest, episode 118 with Lee Soo-hyuk and Hyun Woo | |
Hwasin – Controller of the Heart | SBS | Guest, episode 7 | |
Style Log: PLAY BOYZ | OnStyle | Guest with Kim Young-kwang and Sung Joon | |
Mnet Wide Starcam | Mnet | ||
2013-2014 | M! Countdown | Host | |
2014 | Four Sons and One Daughter | MBC | Guest, episode 12[21] |
Running Man | SBS | Guest, episodes 188, 189, 191, 225 | |
2015 | Guest, episode 240 |
Year | Title | Peak chart positions | Sales | Album |
---|---|---|---|---|
KOR
Gaon | ||||
2016 | "Picture In My Head" | N/A | Uncontrollably Fond OST | |
"Do You Know" | N/A | |||
Year | Award | Category | Nominated work | Result |
---|---|---|---|---|
2013 | New Star Award | N/A | ဆုရရှိ | |
Best New Actor (TV) | School 2013 | ဆန်ခါတင် | ||
Most Popular Actor (TV) | ဆန်ခါတင် | |||
20's Booming Star – Male | ဆန်ခါတင် | |||
Best New Actor | ဆန်ခါတင် | |||
ဆုရရှိ | ||||
Popular Foreign Actor | The Heirs | ဆုရရှိ | ||
Top 10 Stars | ဆုရရှိ | |||
Popularity Award | ဆန်ခါတင် | |||
2014 | Asia Star Award | N/A | ဆုရရှိ | |
Best New Actor | Friend: The Great Legacy | ဆန်ခါတင် | ||
Best New Actor (Film) | ဆန်ခါတင် | |||
Most Popular Actor (Film) | ဆန်ခါတင် | |||
Most Popular Actor (TV) | The Heirs | ဆန်ခါတင် | ||
Best Supporting Actor | ဆန်ခါတင် | |||
Fantasia Award | N/A | ဆုရရှိ | ||
Most Popular Korean TV Artiste | N/A | ဆန်ခါတင် | ||
People's Choice Actor | The Heirs | ဆန်ခါတင် | ||
Excellence Award, Actor | ဆန်ခါတင် | |||
Top 10 Style Icons | N/A | ဆန်ခါတင် | ||
Excellence Award, Actor in a Miniseries | The Heirs | ဆန်ခါတင် | ||
Hana Financial Group Star Award (Popularity Award) |
Friend: The Great Legacy | ဆုရရှိ | ||
Best New Actor | ဆန်ခါတင် | |||
Popular Star Award | ဆုရရှိ | |||
2015 | Best Actor | The Con Artists | ဆန်ခါတင် | |
Most Popular Actor (Film) | ဆန်ခါတင် | |||
Popularity Award | Twenty | ဆုရရှိ | ||
Best New Actor | ဆန်ခါတင် | |||
Popularity Award | ဆန်ခါတင် | |||
Best Dresser Award | N/A | ဆုရရှိ | ||
2016 | Excellence Award, Actor in a Miniseries | Uncontrollably Fond | ဆန်ခါတင် | |
Best Model | N/A | ဆုရရှိ | ||
Excellence Award, Actor in a Mid-length Drama | ဆန်ခါတင် | |||
Best Couple Award with Bae Suzy | ဆန်ခါတင် | |||
Netizen Award, Actor | ဆန်ခါတင် |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.