ပိုင် (သင်္ချာ)
From Wikipedia, the free encyclopedia
π(English-Pi) (အသံထွက် ပိုင်) ဆိုသည်မှာ သင်္ချာတွင် သုံးသော ကိန်းသေတစ်ခု ဖြစ်ပြီး ၎င်း၏ တန်ဖိုးမှာ ယူကလစ်ဒီယံ မျက်နှာပြင်အတွင်း တွင် တွက်ချက်ရရှိသည့် စက်ဝိုင်းတစ်ခု၏ ပတ်လည်အနားနှင့် အချင်းတို့၏ အချိုးပင် ဖြစ်သည်။ ထိုတန်ဖိုးသည် စက်ဝိုင်း၏ ဧရိယာ နှင့် အချင်းဝက်တို့၏ အချိုးနှင့်လည်း တူညီသည်။ ထိုတန်ဖိုးမှာ အကြမ်းမျဉ်းအားဖြင့် ၃.၁၄၁၅၉၂၆၅ နှင့် ညီမျှသည်။ သင်္ချာ၊ သိပ္ပံ နှင့် အင်ဂျင်နီယာရင်း တွင် အသုံးပြုသော ဖော်မြူလာ အများစုတွင် ပိုင် ပါဝင်လေ့ ရှိပြီး ထို့အတွက်ကြောင့် ၎င်းအား အရေးပါသော သင်္ချာကိန်းသေ တစ်ခု ဖြစ်လာစေသည်။[1]
ပိုင်သည် အီရာရှင်နယ်ကိန်း တစ်ခု ဖြစ်သည်။ အဓိပ္ပာယ်မှာ ၎င်း၏ တန်ဖိုးကို m/n စသည့် အပိုင်းကိန်း ပုံစံဖြင့် m နှင့် n တို့သည့် ကိန်းပြည့်ဖြစ်ပါက အတိအကျ ဖော်ပြ၍ မရနိုင်ပေ။ အလားတူပင် ၎င်းအား ဒသမကိန်း ဖြင့် ဖော်ပြပါက ဒသမကိန်းမှာ အဆုံးသတ်ခြင်း မရှိသလို ပြန်ထပ်ချင်းလည်း မရှိပေ။