ဥပဒေပြုရေးယွမ်
တရုတ်သမ္မတနိုင်ငံ၏ ဥပဒေပြုလွှတ်တော် / From Wikipedia, the free encyclopedia
တရုတ်ပြည်သူ့သမ္မတနိုင်ငံလွှတ်တော် အတွက် အမျိုးသားပြည်သူ့ကွန်ဂရက် ကို ကြည့်ပါ။
ဥပဒေပြုရေးယွမ် (တရုတ်: 立法院) သည် တရုတ်သမ္မတနိုင်ငံ၏ လွှတ်တော် တစ်ရပ်သာ ပါဝင်သည့် ဥပဒေပြုဌာနဖြစ်သည်။ တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုလွှတ်တော်သည် အစိုးရမဏ္ဍိုင် ၅ ရပ်အနက် တစ်ခု အပါအဝင်ဖြစ်သည်။
အချက်တိုများ ဥပဒေပြုရေးယွမ်Legislative Yuan 立法院 (Lìfǎ Yuàn), အမျိုးအစား ...
ဥပဒေပြုရေးယွမ် Legislative Yuan 立法院 (Lìfǎ Yuàn) | |
---|---|
ဒသမအကြိမ်မြောက် ဥပဒေပြုရေးယွမ် | |
အမျိုးအစား | |
အမျိုးအစား | လွှတ်တော်တစ်ရပ်တည်း |
ခေါင်းဆောင်များ | |
ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ | |
ဖွဲ့စည်းပုံ | |
အမတ်ဦးရေ | 113 |
နိုင်ငံရေး အုပ်စုများ | KMT DPP NPP TSP တသီးပုဂ္ဂလ |
ရွေးကောက်ပွဲများ | |
နောက်ဆုံး ရွေးကောက်ပွဲ | 11 January, 2020 |
ဆွေးနွေးရာနေရာ | |
ဥပဒေပြုလွှတ်တော် အဆောက်အဦး၊ ထိုင်ပေမြို့ | |
ဝက်ဘ်ဆိုဒ် | |
http://www.ly.gov.tw |
ပိတ်ရန်
၁၉၉၀ ပြည့်လွန်ုနှစ်နောက်ပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အကြိမ်ကြိမ် ပြင်ဆင်ခဲ့ပြီးနောက် သမ္မတနှင့် ဒုသမ္မတ ရွေးကောက်တင်မြှောက်ခွင့်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခွင့်ရှိသည့် အမျိုးသား ညီလာခံကို ၂၀၀၅ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည်။ တဆက်တည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် လုပ်ပိုင်ခွင့် အာဏာကို ဥပဒေပြု လွှတ်တော်ထံ လွှဲပြောင်းပေးလိုက်သည်။ အမတ်ဦးရေကို ၂၂၅ ဦးမှ ၁၁၃ ဦးသို့ လျှော့ချလိုက်ပြီး ရာထူးသက်တမ်းကိုမူ ၃ နှစ်မှ ၄ နှစ်သို့ တိုးမြှင့်လိုက်သည်။