မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်
From Wikipedia, the free encyclopedia
IUCN အနီရောင်စာရင်း၏ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်[1][2] ( Least Concern - LC )[3] ဆိုသည်မှာ သက်ဆိုင်ရာ ဇီဝမျိုးစိတ်တစ်ခု (သို့) တစ်စုသည် တောရိုင်းသဘာဝ၌ ဦးရေအမြောက်အမြား ရှင်သန်နေထိုင်လျက် ရှိနေသည့်အတွက်ကြောင့် ၎င်းမျိုးစိတ်အပေါ် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ထိန်းသိမ်းစောင့်ရှောက်ရန် မလိုအပ်သေးသော မျိုးစိတ်အဖြစ် သတ်မှတ်ပေးသည့် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးအစားသတ်မှတ်ချက် တစ်ခုဖြစ်သည်။[3] ယင်းတို့သည် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံရသော မျိုးစိတ်၊ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံရလုနီးနီး မျိုးစိတ် အစရှိသည့် အဆင့်တွင်အကျုံးမဝင်ပေ။
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း | |
---|---|
မျိုးသုဉ်းသည့် အဆင့် | |
အန္တရာယ်မြင့်မားသည့် အဆင့် | |
အန္တရာယ်နည်းပါးသည့် အဆင့် | |
အခြားသတ်မှတ်မှု အဆင့် | |
| |
ဆက်စပ်သော အကြောင်းအရာများ | |
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့် အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု | |
မျိုးစိတ်တစ်ခုသည် အကောင်ရေပမာဏ လုံလောက်စွာမရှိပါက မျိုးသုဉ်းမှု ဖြစ်နိုင်ခြေနည်းပါးသော မျိုးစိတ် ဟု သတ်မှတ်ခံရမည်မဟုတ်ပေ။ ဤအဆင့်သတ်မှတ်ချက်တွင် အကျုံးဝင်ရန် တိကျသောသတင်းအချက်အလက်များ လိုအပ်သည်။ ဤအဆင့်အတန်းအဖြစ် သတ်မှတ်မှုတွင် တိရစ္ဆာန်မျိုးစိတ် စုစုပေါင်း (၁၄၀၃၃) ခုပါဝင်ပြီး သိပ္ပံနည်းကျ မဖော်ပြရသေးသော မျိုးစိတ်ပေါင်းများစွာလည်း ပါဝင်သည်။[4]
" လူသားတို့သည် ဤအဆင့်အတန်းသတ်မှတ်ချက်၌ အောင်မြင်စွာ စာရင်းသွင်းခံထားရ၏၊ အဘယ်ကြောင့်ဆိုသော် အလွန်ပေါများသောကြောင့်ဖြစ်သည်။ " [5]