၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၂ခုနှစ် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပခဲ့ကာ အားကစားနည်းပေါင်း (၄၀) ပါဝင်သည်။ ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကဲ့သို့ပင် ၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ၂၀၂၂ခုနှစ်တွင် ပြောင်း၍ ကျင်းပသော်လည်း ၂၀၂၁ ခေါင်းစဉ်အောက်မှပင် ကျင်းပခဲ့သည်။
ကျင်းပရာမြို့ | ဟနွိုင်းမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | "For a Stronger Southeast Asia" (ဗီယက်နမ်: Vì một Đông Nam Á mạnh mẽ hơn)[1] | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅,၄၆၇ | ||
ကစားပွဲအမျိုးအစား | ၅၂၆ (၄၀) | ||
ဖွင့်ပွဲအခမ်းအနား | ၁၂ မေ ၂၀၂၂ | ||
ပိတ်ပွဲအခမ်းအနား | ၂၃ မေ ၂၀၂၂ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ငုယင်စွမ်းဖု ဗီယက်နမ်နိုင်ငံ၏ သမ္မတ | ||
အဓိကအားကစားကွင်း | မိုင်ဒင်း အမျိုးသားအားကစားကွင်း | ||
|
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း (၅,၄၆၇) ခန့်က အားကစားနည်း (၄၀)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
မူလက ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၁)ရက်နေ့မှ ဒီဇင်ဘာ (၂)ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လ ၉ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်ဗီယက်နမ်က ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဇွန်လ[2]သို့ ပြောင်းရွှေ့ရန် အဆိုတင်သွင်းခဲ့သည်။ အကြောင်းပြချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှူပြန်လည်မြင့်တက်လာ၍ဟု ဆိုသည်။ သို့ရာတွင်ဆီးဂိမ်းဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၁နိုင်ငံမှ ၈နိုင်ငံကမူ ယင်းအဆိုကို ကန့်ကွက်ခဲ့သည်။[3]သို့သော် ပြိုင်ပွဲကျင်းပမည့်ရက်ကို ၂၀၂၂ခုနှစ် ဇူလိုင်လသို့ ရွှေ့ဆိုင်းခဲ့ပြီး နောက်ပိုင်းတွင် မေလ၌ကျင်းပရန် အတည်ပြုခဲ့သည်။[4]