၂၀၁၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ၊ ဖလန်းပင်မြို့နှင့် ဂျာကာတာမြို့တို့၌ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၁ရက်မှ ၂၂ရက်အထိကျင်းပသော ၂၆ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၇၉၊ ၁၉၈၇၊ ၁၉၉၇ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၁ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဆူစီလို ဘမ်ဘန် ယူဟိုယိုနိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဖလန်းပင်မြို့နှင့် ဂျာကာတာမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | United and Rising (အင်ဒိုနီးရှား: Bersatu dan Bangkit) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄၉၆၅ | ||
ကစားပွဲအမျိုးအစား | ၅၄၅ (၄၂မျိုး)[1] | ||
ဖွင့်ပွဲအခမ်းအနား | ၁၁ နိုဝင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၂ နိုဝင်ဘာ[2] | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဆူစီလို ဘမ်ဘန် ယူဟိုယိုနို အင်ဒိုနီးရှား သမ္မတ | ||
Athlete's Oath | Dedeh Erawati | ||
Judge's Oath | Eko Sunarto | ||
Torch Lighter | Susi Susanti | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2011 Southeast Asian Games | ||
|
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၉၆၅ခန့်က အားကစားနည်း ၄၂မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
အင်ဒိုနီးရှားအနေဖြင့် ယခင် ၃ ကြိမ်ကို မြို့တော်ဂျာကာတာတွင် ကျင်းပခဲ့ပြီး ယခုဖလန်းပင်မြို့သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ သမိုင်းတွင် မြို့တော်မဟုတ်ဘဲ ကျင်းပသည့် တတိယမြောက်မြို့ ဖြစ်လာသည်။ ၁၉၉၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် နခွန် ရက်ချဆီမာတို့၌ မြို့တော်မဟုတ်ဘဲ ပထမဆုံးနှင့် ဒုတိယအကြိမ် ကျင်းပခဲ့သည်။