အမြင်ပိုင်းဆိုင်ရာ လှည့်စားမှု
From Wikipedia, the free encyclopedia
အမြင်ပိုင်းဆိုင်ရာ လှည့်စားမှု (အင်္ဂလိပ်: optical illusion or visual illusion)[2]) သည် အမြင်စနစ်က ဖြစ်ပေါ်စေသော လှည့်စားမှုတစ်ခုဖြစ်၍ မြင်လိုက်ရသည့်အရာသည် အရှိတရားမှ အငြင်းပွားဖွယ် ကွဲပြားနေဟန်တူနေသော အသွင်ကိုဆောင်သည်။ လှည့်စားမှုများမှာ အမျိုးမျိုးအစားစားဖြစ်နေတတ်သည်။ ဖြစ်ပေါ်စေသော အခြေခံအကြောင်းတရားများသည် များသောအားဖြင့် ရှင်းရှင်းလင်းလင်းမရှိတတ်သောကြောင့် အမျိုးအစား အတိအကျခွဲရန်မှာ ခက်ခဲသည်။[3] သို့ရာတွင် ရစ်ချက် ဂရက်ဂရီတင်ပြသော အမျိုးအစားခွဲခြားခြင်းမှာ အသုံးဝင်သည်။[1][4] ၎င်းစနစ်တွင် အဓိက အမျိုးအစား သုံးခုပါဝင်ရာ ၎င်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ အမြင်လှည့်စားမှု (physical)၊ ဇီဝကမ္မပိုင်းဆိုင်ရာ အမြင်လှည့်စားမှု (physiological) နှင့် စိတ်အာရုံ (အမြင်) မှနားလည်လိုက်သော အမြင်လှည့်စားမှု (cognitive) တို့ဖြစ်ကာ တစ်ခုစီတွင် အမျိုးအစား လေးမျိုးစီထပ်မံရှိသည်။ မရေမရာမပြတ်သားမှုများ (Ambiguities) ၊ နဂိုအတိုင်းမဟုတ်မှုများ (distortions) ၊ မဖြစ်နိုင်မှုများ (paradoxes) ၊ ပွတ်တိုက်မှုများ (fictions) (လှုံဆော်မှုမရှိသောအခါတောင်မှ အာရုံတွင် မြင်နေမှု) တို့ဖြစ်ကြသည်။[4] ရုပ်ပိုင်းဆိုင်ရာ နဂိုအတိုင်းမဟုတ်ခြင်းအတွက် အစဉ်ဆက်ပြသသော နမူနာတစ်ခုမှာ အချောင်းတစ်ချောင်း၏ တစ်ဝက်ကို ရေတွင်နစ်လိုက်သောအခါ ကွေးသွားသည့်ပုံစံဖြစ်သည်။ ဇီဝကမ္မပိုင်း မဖြစ်နိုင်ခြင်းသည် 'ရွေ့ရှားမှု နောက်ဆက်တွဲအကျိုး' (motion aftereffect) ဖြစ်၍ ပုံ(ရုပ်သံ)ကို စူးစိုက်အချိန်ကြာကြည့်ပြီးနောက် အပြင်သို့ပြန်ကြည့်သော အခါ ပုံ၌ပါသော အရာ၏ လှုပ်ရှားမှု အမြင်တစ်မျိုးကို ဖြစ်စေသည်။[4] ဇီဝကမ္မပွတ်တိုက်မှု ဥပမာမှာ 'ပုံရိပ် နောက်ဆက်တွဲအကျိုး' (afterimage) ဖြစ်သည်။[4] စံပြအနေဖြင့် စိတ်အာရုံ(အမြင်)မှ နားလည်လိုက်သော ဥပမာသုံးခုမှာ Ponzo လှည့်စားမှု၊ Poggendorff လှည့်စားမှု နှင့် Müller-Lyer လှည့်စားမှုတို့ဖြစ်ကြသည်။[4] ရုပ်ပိုင်းဆိုင်ရာ လှည့်စားမှုများမှာ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်မှ ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ရေ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ကြောင့်ဖြစ်သည်။[4] ဇီဝကမ္မပိုင်း လှည့်စားမှုသည် မျက်လုံး၌သော်လည်းကောင်း မြင်သည့်လမ်းကြောင်း၌သော်လည်းကောင်း ဖြစ်ပေါ်တတ်၍ နမူနာအားဖြင့် အမြင်အာရုံကို သီးသန့်လက်ခံသော အမျိုးအစားကို အလွန်အကျွံ လှုံ့ဆော်ခံရမှုအကျိုးမှ ဖြစ်ပေါ်စေသည်။[4] စိတ်အမြင်အာရုံမှ လက်ခံနားလည်လိုက်သော လှည့်စားမှုမှာ 'အလိုအလျောက် ကောက်ချက်ဆွဲမှု' ၏ ရလဒ်ဖြစ်ကာ ဤလှည့်စားမှုမှာ လူအများ အသိများဆုံးအရာများ ဖြစ်နိုင်ပေသည်။[4]
ရောဂါကြောင့်ဖြစ်သော အမြင်ဆိုင်ရာ လှည့်စားမှုသည် ဇီဝကမ္မဆိုင်ရာ အမြင်တစ်ခုကို နားလည်လက်ခံသည့် ယန္တယားစနစ်တွင် ရောဂါ၏ ပြောင်းလဲမှုများမှ ပေါ်ပေါက်လာသည်။ (စိတ်အာရုံထွေပြားချောက်ခြားခြင်း၊ အပြင်တွင် တကယ်မရှိဘဲ စိတ်၌ ရှိသယောင် မြင်နေခြင်း)
အမြင်ပိုင်းဆိုင်ရာနှင့် ၎င်းပါဝင်ပတ်သတ်သည့် များစွာသောအာရုံပိုင်းဆိုင်ရာ လှည့်စားမှုကို စစ်ဆေးမှုများ၊ ပြတ်တောက်သွားသော လက်/ခြေ (ကို ရံခါ ပြန်ရ၊ ပြန်ခံစားရ သည်ဟု ထင်မြင်သော) ရောဂါ (phantom limb syndrome) ၊ schizophrenia ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ပြန်လည်ပြုစု ပျိုးထောင်ပေးရာတွင် အသုံးချနိုင်ကြသည်။[5] [6]