သိပ္ပံပညာ
ဖြစ်ပျက်တွေ့ကြုံခဲ့မှုများအား စနစ်တကျ လက်တွေ့ဆန်းစစ်လေ့လာ၍ မှတ်တမ်းတင်ပြုစုထားသော မျိုး / From Wikipedia, the free encyclopedia
အခြားကြည့်ရန်။ ရူပဗေဒ နှင့် သဘာဝသိပ္ပံ
သိပ္ပံပညာ (အင်္ဂလိပ်: Science) ဟူသည်မှာ - လောက(Universe) အကြောင်းများကို စနစ်တကျ ခန့်မှန်းခြင်းများ၊ ရှင်းလင်း တွက်ချက်ခြင်းများ၊ စမ်းသပ် တီထွင်ခြင်းများ စသည့် အသိစုဆောင်းအသုံးချ လုပ်ငန်းရပ်များစွာကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။ )[1][2][3]
အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ထိုသို့ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညာ ဟု ခေါ်သည်။ သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆသည်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျင်လည်း မူလအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးပေ။