ဝါရှင်တန်ပို့စ်
From Wikipedia, the free encyclopedia
ဝါရှင်တန်ပို့စ် (အင်္ဂလိပ်: the Washington Post, the Post)[4]သည် ဝါရှင်တန်ဒီစီတွင် ထုတ်ဝေသော အမေရိကန် နေ့စဉ်သတင်းစာဖြစ်၍ ဝါရှင်တန်မြို့ပြနယ်မြေတွင် စောင်ရေအား အကောင်းဆုံးသတင်းစာဖြစ်သည်။[5][6] ထို့နောက် နိုင်ငံတွင်း၌ ဖတ်သူအင်အားသည်လည်း များပြားသည်။ နေ့စဉ် ဆိုက်ကြီးမူကို ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗာဂျီးနီးယား ပြည်နယ်တို့အတွက် ရိုက်နှိပ်ထုတ်ဝေသည်။ သတင်းစာသည် ပူလစ်ဇာဆု ၆၉ ကြိမ်အထိ ရရှိထားကာ[7] နယူးယောက်တိုင်းစ်ပြီးလျှင် ဒုတိယအများဆုံးရရှိထားခြင်းဖြစ်၏ ။[8] ဝါရှင်တန်ပို့စ်မှ သတင်းသမားများသည်လည်း နီးမန်အဖွဲ့ဝင်ဆု (Nieman Fellowship) ၁၈ ကြိမ်၊ အိမ်ဖြူတော် သတင်း ဓာတ်ပုံသမားများအဖွဲ့ဆု ၃၆၈ ကြိမ် ရရှိထားပြီးဖြစ်သည်။[9][10] သတင်းစာကို နိုင်ငံရေးသတင်းဖော်ပြထုတ်ပြန်ချက်များကြောင့် လူသိများကြ၍ နိုင်ငံခြားသတင်းအချက်အလက် စုဆောင်းဖြန့်ဝေမှုကို လုပ်ဆောင်နိုင်သော အနည်းငယ်သာကျန်တော့သည့် သတင်းစာများထဲက တစ်ခုလည်းဖြစ်ပေသည်။
ဒီမိုကရေစီသည် အမှောင်ထုထဲတွင် သေဆုံးသည်။ | |
အမျိုးအစား | နေ့စဉ်သတင်းစာ |
---|---|
ပုံစံအချိုးအစား | ဆိုက်ကြီး |
ပိုင်ဆိုင်သူ | နဲ့ရှ် ဦးပိုင်လုပ်ငန်း |
တည်ထောင်သူ | Stilson Hutchins |
ထုတ်ဝေသူ | Fred Ryan[1] |
အယ်ဒီတာချုပ် | Sally Buzbee |
Staff writers | ၈၀၀ ဝန်းကျင် (သတင်းသမား)[2] |
တည်ထောင်ခြင်း | ဒီဇင်ဘာ ၆၊ ၁၈၇၇; ၁၄၆ နှစ် အကြာက (၁၈၇၇-၁၂-06) |
ဘာသာစကား | အင်္ဂလိပ် |
ဌာနချုပ်များ |
|
စောင်ရေ | 356,768 (Daily, 2015) 838,014 (Sunday, 2013) 1,000,000 (Digital, 2018) |
ISSN | 0190-8286 |
OCLC နံပါတ် | 2269358 |
ဝက်ဘ်ဆိုဒ် | washingtonpost.com |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
၁၈၇၇ တွင် တည်ထောင်ခဲ့ကာ အစောပိုင်းနှစ်ကာလများတွင် ပိုင်ဆိုင်သူအချို့ ပြောင်းလဲမှုများရှိပြီး ငွေရေးကြေးရေး၊ တည်းဖြတ်သူ ပြဿနာများကို ရင်ဆိုင်ရုန်းကန်ခဲ့ရကာ ထို့နောက် ငွေထောက်ပံ့သုံးစွဲနိုင်သူ ယူဂျီးန် မဲယာက သတင်းစာ၏ ၁၉၃၃ တွင် ဒေဝါလီခံရမည့်အခြေအနေမှ ဝယ်ယူခဲ့၍ အသစ်တဖန်ပြန်လည် တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ကတ်သရင်း ဂရေဟမ်၊ ဖိလစ် ဂရေဟမ်တို့က အပြိုင်အဆိုင်ထုတ်ဝေနေသော သတင်းစာများကို ဈေးကွက်စီးနိုင်ရန် ဝယ်ယူခဲ့ကြသည်။
အင်တာနက်ပေါ်ပေါက်လာသောအခါ ဝါရှင်တန်ပို့စ်၏ ပြည်တွင်း၊ နိုင်ငံတကာ ဖြန့်ကျက်နိုင်အားကို တိုးမြှင်နိုင်ခဲ့လေ၏ ။ ၂၀၁၃ အောက်တိုဘာတွင် ဂရေဟမ်မိသားစုက သတင်းစာကို နဲ့ရှ်ဦးပိုင် (Nash Holdings) သို့ အမေရိကန်ဒါ်လာ သန်း ၂၅၀ ဖြင့် ရောင်းချခဲ့ကြသည်။[11][12]