လက်ပ်တော့ပ် ကွန်ပျူတာ
မိုဘိုင်းအသုံးပြုရန်အတွက်ကိုယ်ပိုင်ကွန်ပျူတာ / From Wikipedia, the free encyclopedia
လပ်တော့ (အင်္ဂလိပ်: laptop) သည် သေးငယ်၍ အလွယ်တကူ ပေါ့ပေါ့ပါးပါးသယ်ဆောင်သွားနိုင်သော တစ်ကိုယ်ရေသုံးကွန်ပျူတာ(အင်္ဂလိပ်: personal computer) ဖြစ်သည်။ Notebook သို့မဟုတ် Notebook Computer ဟုလည်း ခေါ်ကြသည်။ ၎င်းတွင် တံခါးပတ္တာကဲ့သို့ ခေါက်နိုင်ချိုးနိုင်သော မိုဘိုင်းဖုန်းများတွင် အသုံးပြုသည့် အရာပါရှိသည်။ အောက်ဘက်အပိုင်းတွင် ကီးဘုတ်ပါရှိ၍ အပေါ်ပိုင်းတွင် ပါးလွှာသော LCD သို့မဟုတ် LED ကွန်ပျူတာမျက်နှာပြင် တစ်ခုပါရှိသည်။ ကွန်ပျူတာကို အသုံးပြုရန် အပေါ်ပိုင်းကို ဖွင့်၍ သုံးရသည်။ လပ်တော့များသည် ခေါက်၍ပိတ်ကာ သယ်ဆောင်သွားနိုင်သည်။[1] မူလအစက လပ်တော့ နှင့် Notebook ကြားတွင် အရွယ်အစားကြီးမားခြင်း၊ လေးလံခြင်း စသော ခြားနားမှုများရှိသော်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစ၍ ကွဲပြားမှုမှာ မရှိတော့ပေ။[2] လပ်တော့များကို အလုပ်၊ ပညာရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ အိမ်တွင် အသုံးပြုရန်အတွက်လည်း အသုံးပြုကြသည်။
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
လပ်တော့တစ်လုံးသည် ကွန်ပျူတာမျက်နှာပြင်၊ သေးငယ်သော စပီကာများ၊ ကီးဘုတ်တစ်ခု၊ touchpad သို့မဟုတ် trackpad ကဲ့သို့သော pointing device များ၊ processor တစ်ခု၊ memeory စသော ပစ္စည်းများကို တစ်ခုတည်း ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ၍ ထွက်သော လပ်တော့အများစုတွင် webcam နှင့် မိုက်ခရိုဖုန်း တို့သည် တစ်ပါတည်း ပါဝင်လာခဲ့ပြီး အချို့တွင် မျက်နှာပြင်ကို ထိတွေ့စေခိုင်းနိုင်သော မျက်နှာပြင် (အင်္ဂလိပ်: touchscreens) များပါလာခဲ့သည်။ လပ်တော့ကို ပြင်ပမှ လျှပ်စစ်အားဖြင့်သော်လည်းကောင်း၊ လပ်တော့တွင်ပါဝင်သော ဘက်ထရီဖြင့်သော်လည်းကောင်း အသုံးပြုနိုင်သည်။ လပ်တော့၏ မော်ဒယ်လ် (အင်္ဂလိပ်: models) နှင့် တန်ဖိုးပေါ်မူတည်၍ အသုံးပြုသော Processor ၏ အမြန်နှုန်း၊ Memory ၏သိမ်းထားနိုင်သော data ပမာဏတို့သည် အမျိုးအစား အမျိုးမျိုးကိုလိုက်၍ ကွဲပြားမှုရှိသည်။ လပ်တော့၏ ပုံစံ၊ အသွင်အပြင် နှင့် ဖွဲ့စည်းတည်ဆောက်မှုတို့သည် အသုံးပြုရန် ရည်ရွယ်ထားသည့် နယ်ပယ်ကိုလိုက်၍ အပြောင်းအလဲ ရှိသည်။ ဥပမာအနေဖြင့် အကြမ်းပတမ်းခံစေရန် ပြုလုပ်ထားသော လပ်တော့များ(အင်္ဂလိပ်: rugged notebooks)ကို ဆောက်လုပ်ရေးလုပ်ငန်းများ သို့မဟုတ် စစ်ရေးကိစ္စရပ်များအတွက် အသုံးပြုကြသည်။ One Laptop per Child အဖွဲ့အစည်း၏ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ထားသော လပ်တော့များတွင် ဆိုလာစနစ်ဖြင့်အားသွင်းခြင်း၊ လပ်တော့အများစုတွင် အသုံးပြုလေ့မရှိသော Semi-flexible Component များဖြင့် ပေါင်းစပ်ပြုလုပ်ထားသည်။ Portable Computer ဟုခေါ်သော အလွယ်တကူ သယ်ယူရွေ့ပြောင်း၍ ရအောင်ပြုလုပ်ထားသော ကွန်ပျူတာများသည် နောက်ပိုင်းတွင် လပ်တော့များအဖြစ်သို့ ပြေင်းလဲလာခဲ့ကြသည်။ မူလက အသုံးပြုရန်ရည်ရွယ်ထားသည့် နယ်ပယ်တစ်ခု (ဥပမာ - စစ်ရေး၊ စာရင်းကိုင် အလုပ်များ၊ ခရီးသွားကိုယ်စားလှယ်များ) အတွက် ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။ Portable Computer များသည် လပ်တော့များအဖြစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းလပ်တော့များကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည်။[3]