လက်တင်ဘာသာအရေးအသား
From Wikipedia, the free encyclopedia
လက်တင် သို့မဟုတ် ရောမအက္ခရာ သည် ဂန္ထဝင်လက်တင်အက္ခရာ များ၏အက္ခရာများကို အခြေခံ၍ အဆင့်ဆင့်အသုံးပြုလာသည့်သင်္ကေတ( အရေးအသား ) တစ်ခုဖြစ်သည်။ ၎င်းသည် ဧစထရက်စကန်တို့ အသုံးပြုသော ဂရိအက္ခရာ ၏ ကမ္မီယန် ဂရိ ပုံစံမှ ရရှိခဲ့ခြင်းဖြစ်သည်။ လက်တင်အက္ခရာ အတော်များများတည်ရှိနေပြီး ဂန္ထဝင်လက်တင်အက္ခရာများ မှအရေးအသားစနစ်နှင့်အနည်းငယ်ကွဲလွဲသည့်အရေးအသားစနစ်၊ အစုအဝေးနှင့်အသံထွက်စနစ်များကွာခြာပါးသည်။
လက်တင်အက္ခရာ၌ပါဝင်သည့်အက္ခရာ၂၆လုံးသည် နိုင်ငံတကာအက္ခရာစဉ်နှင့် အိုင်အက်စ်အို အခြေခံလက်တင်အက္ခရာတွင်ပါသောအက္ခရာများ ဖြစ်သည်။
လက်တင် အက္ခရာအရေးအသားစနစ် အခြေခံထားပြီး အခြားဘာသာစကားများ၏ အရေးအသားစနစ်တွင် အက္ခရာစဉ်အလိုက်အသုံးပြုကြပါပြီး။ [1] လက်တင်အက္ခရာကို ကမ္ဘာ့အရးအသားစနစ်၌ တွင်တွင်ကျယ်ကျယ်လက်ခံကျင့်သုံးသူများသည် (ကမ္ဘာ့လူဦးရေ၏ ၇၀ရာခိုင်နှုန်းရှိပြီး ထိုလက်တင်အက္ခရာများကိုပင်အသုံးပြုကြသည်) ။ လက်တင်အက္ခရာကိုအနောက်တိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ ဥရောပဘာသာစကားအများစုတွင် သာမက ကမ္ဘာ့အခြားဒေသများရှိဘာသာစကားများစွာတွင်ပါဝင်သောစံပုံစံအဖြစ်အသုံးပြုသည်။