ရှနဲလ်
ပြင်သစ် ဖက်ရှင်အသုံးအဆောင်လုပ်ငန်း / From Wikipedia, the free encyclopedia
ရှနဲလ် (အင်္ဂလိပ်: Chanel, /ʃəˈnɛl/ SHƏ-nel; ပြင်သစ်: Chanel, [ʃanɛl] ( နားဆင်)) သည် ပြင်သစ် ဇိမ်ခံ ဖက်ရှင်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး Coco Chanel မှ ပဲရစ်မြို့တွင် ၁၉၁၀ ခုနှစ်၌ တည်ထောင်ခဲ့သည်။ ၎င်းကို Wertheimer မိသားစုမှ သီးသန့်ပိုင်ဆိုင်ပြီး ရုံးချုပ်အား လန်ဒန်မြို့သို့ ၂၀၁၈ ခုနှစ်မှစ၍ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Chanel Fragrance & Beauty boutique, Miami | |
အမျိုးအစား | ပုဂ္ဂလိကပိုင် |
---|---|
လုပ်ငန်း | ဖက်ရှင် |
တည်ထောင်သည့်နှစ် | ၁၉၁၀; ၁၁၄ နှစ် အကြာက (၁၉၁၀) ပဲရစ်မြို့တွင်[1] |
ဌာနချုပ် | 5 Barlow Place London, W1J 6DG United Kingdom 51.51054°N 0.1432786°W / 51.51054; -0.1432786 |
တည်နေရာ | အရောင်းဆိုင်ပေါင်း ၅၀၀ ကျော်[2] |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာအနှံ့ |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | US$၁၅.၆ billion (၂၀၂၁)[2] |
အသားတင် ဝင်ငွေ | US$4.0 billion (2021)[2] |
အလုပ်သမားဦးရေ | 28,500[2] |
ဝက်ဘ်ဆိုက် | chanel.com |
ပိတ်ရန်
ရှနဲလ် သည် အမျိုးသမီး ရယ်ဒီမိတ် အဝတ်အစားများ၊ ဇိမ်ခံပစ္စည်းများနှင့် အသုံးအဆောင်များကို အထူးပြု ထုတ်လုပ်ပြီး[3] Luxottica သို့ ၎င်း၏အမည်အမှတ်တံဆိပ်ဖြင့် မျက်မှန် ထုတ်လုပ်ခွင့်လိုင်စင်အား ထုတ်ပေးထားသည်။[4] ရှနဲလ် သည် ၎င်း၏နာမည်ကြီးထုတ်ကုန်များဖြစ်သော Chanel No. 5 ရေမွှေးနှင့် "Chanel Suit" တို့ဖြင့် လူသိများကျော်ကြားသည်။[5][6]