ရိုက်တာ
From Wikipedia, the free encyclopedia
ရိုက်တာ (အင်္ဂလိပ်: Reuters; (/ˈrɔɪtərz/ ( နားဆင်); /ရွိုက်တာဇ်/) သည် ကနေဒါအခြေစိုက် တောမ်ဆန် ရွိုက်တာဇ် ကော်ပိုရေးရှင်းက (Thomson Reuters) ပိုင်ဆိုင်သော သတင်းဌာနတစ်ခုဖြစ်သည်။[1] သတင်းဌာနတွင် သတင်းထောက် ၂,၅၀၀ ခန့်နှင့် ဓာတ်ပုံသတင်းထောက် ၆၀၀ ခန့်ရှိ၍ ကမ္ဘာအနှံ့ နေရာဒေသပေါင်း ၂၀၀ ကျော်၌ သတင်းရယူနေသော အဖွဲ့အစည်းတစ်ခုဖြစ်၏ ။[2][3] ရိုက်တာသတင်းဌာနသည် ကမ္ဘာပေါ်၌ အကြီးဆုံးသောသတင်းဌာနများအနက်တစ်ခုလည်းဖြစ်ပေသည်။[4]
အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
လန်ဒန်မြို့၊ ကနေရီဝါ့ဖ်နယ်မြေရှိ ရိုက်တာအဆောက်အဦ | |
အမျိုးအစား | တစ်သီးပုဂ္ဂလစီးပွားရေး |
---|---|
လုပ်ငန်း | သတင်းဌာန |
တည်ထောင်သည့်နှစ် | အောက်တိုဘာ ၁၈၅၁; ၁၇၂ နှစ် အကြာက (၁၈၅၁-၁၀) |
တည်ထောင်သူများ | ပေါလ် ဂျူးလိယပ်စ် ရွိုက်တာ |
ဌာနချုပ် | ယူနိုက်တက်ကင်းဒမ်း၊ လန်ဒန်မြို့၊ ကနေရီဝါ့ဖ် |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာအနှံ့ |
အရေးပါ ပုဂ္ဂိုလ်များ | Michael Friedenberg(ဥက္ကဋ္ဌ) Stephen J. Adler (အယ်ဒီတာချုပ်) |
မိခင်ကုမ္ပဏီ | တောမ်ဆန် ရွိုက်တာဇ် |
ဝက်ဘ်ဆိုက် | reuters.com |
ပိတ်ရန်
၁၈၅၁ ခုနှစ် လန်ဒန်မြို့တွင် ဂျာမန်ဖွား ပေါလ် ရွိုက်တာက သတင်တည်ထောင်ခဲ့ကာ ထို့နောက် တောမ်ဆန် ကော်ပိုရေးရှင်းက ၂၀၀၈ တွင် ရယူခဲ့ပြီး ယခု၌မူ တောမ်ဆန် ရွိုက်တာ၏ မီဒီယာအခွဲတစ်ခုလည်းဖြစ်သည်။