ဘူဒါပတ်စ်မြို့
From Wikipedia, the free encyclopedia
ဘူဒါပတ်စ်မြို့ (အင်္ဂလိပ်: Budapest; /ˈbuːdəpɛst/, ဟန်ဂေရီ အသံထွက်: [ˈbudɒpɛʃt] ( နားဆင်)) သည် ဟန်ဂေရီနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဗီယင်းနာမြို့ အရှေ့မြောက်ဘက် ၁၃၅ မိုင်အကွာ ဒန်းညုမြစ်ပေါ်တွင် ခွ၍ တည်ရှိနေသော အမြွာမြို့ ဖြစ်သည်။ ဒန်ညုမြစ်၏ အနောက်ဘက် ကမ်းပေါ်ရှိ ဗူးဒမြို့၊ အိုဗူးမြို့၊ ဒမြို့တို့နှင့် အရှေ့ဘက် ကမ်းပေါ်ရှိ ပက်မြို့တို့ကို ပေါင်း၍ ဘူဒါပတ်စ်မြို့ဟု ခေါ်တွင်သည်။ ဗူးဒမြို့သည် တောင်ကုန်းပိုင်း၌ တည်၍ ပက်မြို့မှာမူ မြေနိမ့်ပိုင်းတွင် တည်သည်။ တဖက်ကမ်းနှင့် တစ်ဖက်ကမ်းကို တံတားကြီး ၆ ခုဖြင့် တင့်တယ်ခမ်းနားစွာ ဆက်သွယ်ထားရာ၊ လန့်ဇစ်တံတားသည် ဥရောပတိုက်တွင် တခါက အကြီးဆုံး တံတား တစ်ခု ဖြစ်သည်။ [1] [2]
အချက်တိုများ Budapestဘူဒါပတ်စ်မြို့, နိုင်ငံ ...
Budapest ဘူဒါပတ်စ်မြို့ | |||
---|---|---|---|
ထိပ်မှ, ဘယ်မှညာ: မြို့၏ မြင်ကွင်းအားဒန်ညုမြစ် မှတွေ့ရပုံ။ ခြင်္သေ့ကြီးမှ တံတားအား စောင့်ရှောက်နေပုံ။ ဟီးရိုးစ် စကွဲယား။ သန်ဂေရီ ပါလီမန် အဆောက်အအုံ။ ငါးဖမ်းသမား၏ ခံတပ်။ St. Stephen's Basilica။ ဂဲလက်တောင်မှ မြင်နေရသော ဗူးဒပက်မြို့ ညရှုခင်း နှင့်အတူ ဘယ်ဘက်မှ ဗူဒ ရဲတိုက်။ | |||
| |||
Location of Budapest in Hungary | |||
နိုင်ငံ | ဟန်ဂေရီနိုင်ငံ | ||
နိုင်ငံ | ဘူဒါပတ်စ်မြို့, ဟန်ဂေရီနိုင်ငံ၏ မြို့တော် | ||
အစိုးရ | |||
• မြို့တော်ဝန် | Gergely Karácsony | ||
ဧရိယာ | |||
• မြို့ပြ | ၅၂၅.၁၆ စတုရန်းကီလိုမီတာ (၂၀၂.၇၇ စတုရန်းမိုင်) | ||
လူဦးရေ (2010) | |||
• မြို့ | ၁,၇၂၁,၅၅၆ | ||
• သိပ်သည်းမှု | ၃၂၄၁.၅/km၂ (၈၃၉၅/sq mi) | ||
• မြို့ပေါ် | ၂,၅၂၄,၆၉၇ | ||
• မြို့ပြကြီး | ၃,၂၇၁,၁၁၀ | ||
Demonym(s) | Budapester | ||
အချိန်ဇုန် | CET (UTC+1) | ||
• နွေရာသီ (DST) | CEST (UTC+2) | ||
ဝက်ဘ်ဆိုဒ် | budapest.hu |
ပိတ်ရန်