ဘရောက်ဆာ စစ်ပွဲများ
From Wikipedia, the free encyclopedia
ဘရောက်ဆာ စစ်ပွဲ သည် ဝဘ်ဘရောက်ဆာ များအသုံးပြုသည့် ဝေစုကို လွှမ်းမိုးချုပ်ကိုင်ရန် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ မိမိတို့၏ ဝဘ်ဘရောက်ဆာကို လူများပိုမိုအသုံးပြုရန် တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် ကြိုးပမ်းကြခြင်းဖြစ်သည်။ ပထမဆုံး Browser War မှာ ၁၉၉၀ နောက်ပိုင်းကာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် မိုက်ခရိုဆော့ဖ် ၏ Internet Explorer နှင့် Netscape ၏ Navigator တို့ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ Browser wars ကြောင့် ၂၀၀၃ ခုနှစ်ကတည်းက Internet Explorer ၏ ဈေးကွက်ဝေစု ကျဆင်းခဲ့သည်။ Mozilla Firefox, Google Chrome, Safari နှင့် Opera အစရှိသော ဘရောက်ဆာများသည် လူသိများလာခဲ့သည်။
မကြာသေးမီနှစ်များက HTML5, CSS 3 နှင့် client-side scripting to World Wide Web တို့ကို မိတ်ဆက်ပေးခဲ့သည်။ စမတ်ဖုန်းများနှင့် အခြားသော မိုဘိုင်းကိရိယာများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ ၎င်း ကိရိယာများတွက် ဝဘ်စာမျက်နှာများကို ကြည့်ရှုရန် ဘရောက်ဆာများကို ထည့်သွင်းလာကြသည့်အတွက် ဘရောက်ဆာတိုက်ပွဲ ကိုဆက်လက် ရှင်သန်စေခဲ့သည်။ ဘရောက်ဆာထုတ်လုပ်သူများအကြားတွင် HTML5 video နှင့် audio elements များ အသုံးပြုခြင်းနှင့် ပတ်သက်သည့် format war တစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။