ဘဏ်
From Wikipedia, the free encyclopedia
ဘဏ်တစ်ခုသည် ငွေကြေးကြားခံလုပ်ငန်းတစ်ခုဖြစ်သည်။ အပ်နှံငွေများကိုလက်ခံ၍ ချေးငှားလိုသည့် လုပ်ငန်းများသို့ ထိုအပ်နှံငွေများကိုချေးငှားနိုင်ရန် လမ်းဖေါက်ပေးလိုက်ခြင်းဖြစ်သည်။ ဘဏ်များသည် ငွေကြေးစံနစ်၏ အခြေခံ အကျဆုံးသော အစိတ်အပိုင်းဖြစ်သလိုငွေကြေးဈေးကွက်တွင်လည်း အရေးပါသောကစားသမားတစ်ယောက်ဖြစ်သည်။
ဘဏ်တစ်ခု၏အထင်ကရအခန်းကဏ္ဍမှာငွေအရင်းအနှီးရှိသူများ (ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ငွေအပ်နှံသူများ ကဲ့သို့သော) ငွေလုံးငွေရင်း လိုက်လံရှာဖွေသူများ (တစ်ဦးချင်းတစ်ယောက်ချင်း ချေးငွေရယူလိုသူများ သို့မဟုတ် လုပ်ငန်းတိုးချဲ့ လိုသူများ) နှင့် ချိတ်ဆက်ပေးခြင်း ဖြစ်သည်။ ဘဏ်လုပ်ငန်းသည် ယေဘူယျအားဖြင့် အဆင့်မြင့်၍ စည်းကမ်းကျနသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ဘဏ်များဖြင့် အစိုးရ၏ ငွေကြေးလုပ်ဆောင်မှုများအပေါ် ကန့်သတ်ချက်များသည် အချိန်နှင့်နေရာဒေသ အပေါ်တွင် ကွဲပြား လျက်ရှိသည်။
ကမ္ဘာနှင့်အဝှန်းစံနှုန်းများ၏လက်ရှိသတ်မှတ်ထားချက်ကို ဘေဆယ်-၂ (Basel II) ဟုခေါ်ဆိုသည်။ ဂျာမနီနိုင်ငံကဲ့သို့သော နိုင်ငံများ တွင် ဘဏ်များသည် သမိုင်းနှင့်ချီ၍ စက်မှု ကော်ပိုရေးရှင်းများတွင် အဓိက ငွေကြေးတာဝန်များကို ပိုင်ဆိုင်ထားကြပြီး၊ အမေရိကန်ပြည်ထောင်စုကဲ့သို့သော အချို့သော နိုင်ငံများ၏ ဘဏ်များကို ငွေကြေးနှင့်မသက်ဆိုင်သည့်ကုမ္ပဏီများမှ ပိုင်ဆိုင်ခွင့်ကို တားဆီး ပိတ်ပင်ထားသည်။ ဂျပန်နိုင်ငံတွင် ဘဏ်များသည် ပုံမှန်အားဖြင့် မျဉ်းသားအစုရှယ်ရာဦးပိုင်မှု၏ နောက်ဆက် တွဲတစ်ခုဖြစ်ပြီး၊ ကေးရဲ့စု (keiretsu) အဖြစ်သိရှိထားသည်။ ပြင်သစ်နိုင်ငံတွင် ဘဏ်အာမခံသည် ခေတ်စား သည်။ အများဆုံးသော ပြင်သစ်ဘဏ်များသည် သူတို့၏ဖောက်သည်များအတွက် အာမခံအကျိုးဆောင် လုပ်ငန်းများ (နှင့် ယခု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ) ဆောင်ရွက်ပေးသည်။
လက်ရှိအများဆုံးလမ်းကြောင်းသည် ယူနီဗာဆယ်ဘဏ်များ၏ ရှေ့ရောက်နေမှုများဖြစ်သည်။ ထိုဘဏ်များသည် သူတို့၏ ဖောက်သည်များအား နေရာတစ်ခုထဲတွင် ငွေကြေးလုပ်ငန်းမျိုးစုံကို အားလုံးပြီးအောင် ဆောင်ရွက်ပေးသည်။ တည်ရှိနေဆဲ သက်တမ်းအရင့်ဆုံးဘဏ်သည် မွန်တီ ဒေ ပတ်ချီ ဒီ ဆီးနာ (Monte dei Paschi di Siena) ဖြစ်ပြီး၊ ၁၄၇၂ မှစ၍ အီတလီနိုင်ငံ၌ အစဉ်အဆက်လုပ်ငန်း ဆောင်ရွက်နေသည်။