ဘင်း ရှာဖွေရေး အင်ဂျင်
From Wikipedia, the free encyclopedia
Microsoft မှ ထုတ်လွှင့်ထားသည့် စာသား အသုံးပြု အင်တာနက် ရှာဖွေရေး လုပ်ဆောင်ချက် ဖြစ်သည်။ ၂၀၀၉ ခုနှစ် ၊ မေလ (၂၉) ရက်က စတင်မိတ်ဆက်သည်။ ၎င်းသည် Microsoft ၏ နာမည်ကြီး ကွန်ယက် ရှာဖွေရေး လုပ်ဆောင်ချက်ဖြစ်သည့် Live Search ကို အစားထိုးသည့် ဝန်ဆောင်မှုလည်း ဖြစ်သည်။ အများပြည်သူတို့ ဝင်ရောက်ကာ အပြည့်အဝ သုံးစွဲနိုင်သည့် နေ့ရက်မှာ ၂၀၀၉ ခုနှစ် ၊ ဇွန်လ (၃) ရက်နေ့ဖြစ်ပြီး Bing မှာ ဈေးကွက်ဝေစု အချို့ကို ရနေပြီဟု သိရသည်။
ဝဘ်ဆိုဒ် အမျိုးအစား | ရှာဖွေရေး အင်ဂျင် |
---|---|
ဖတ်ရှုရရှိနိုင်မှု | ဘာသာစကား ၄၀ |
ပိုင်ဆိုင်သူ | Microsoft |
ဖန်တီးသူ | Microsoft |
ဝဘ်ဆိုဒ် | bing.com |
Alexa အဆင့် | 17 (December 2015[update])[1] |
စီးပွားရေး | Yes |
မှတ်ပုံတင်ခြင်း | Optional (Microsoft account) |
လွှင့်တင်ခြင်း | ဇွန် ၃၊ ၂၀၀၉; ၁၄ နှစ် အကြာက (၂၀၀၉-၀၆-03) |
အသုံးပြုထားသည့် ပရိုဂရမ်းမင်း | ASP.NET[2] |
သိသာ ထင်ရှားသည့် အပြောင်းအလဲ တစ်ခုမှာ ရှာလိုသည့် စာသားကို ရိုက်ထည့်နေချိန်တွင် ဖြစ်နိုင်ချေရှိသော စာသားများပါသည့် ရလဒ်စာရင်းကို အချိန်နှင့် တပြေးညီ ဖော်ပြပေးသည့် ရလဒ်ကို ထည့်သွင်းထားသည်။ ထိုနည်းပညာကို Powerset မှ နည်းပညာကို အခြေခံထားသည်။ Powerset ကုမ္ပဏီကို မိုက္ခရိုဆော့(ဖ်)က ၂၀၀၈ ခုနှစ်က ဝယ်ယူခဲ့သည်။ Windows Live SkyDrive ၊ Facebook နှင့် email တို့မှတဆင့် သိမ်းထားသည်များနှင့် မျှဝေ သုံးစွဲထားသည်များကို ပြန်လည်ကြည့်ရှုနိုင်သည့် စနစ်လည်းပါဝင်သည်။
၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည့် ကြေညာချက်အရ Yahoo! နှင့် ပူးတွဲကာ Yahoo! Search ကို Bing မှ အားဖြည့်မည်ဖြစ်ကြောင်း သိရသည်။