ဗျိုင်း
ငှက်မျိုးရင်း / From Wikipedia, the free encyclopedia
ဗျိုင်းသည် မြန်မာလူမျိုးများနှင့် ရင်းနှီးပြီး ငှက်တစ်ကောင်ဖြစ်သည်။ အထူးသဖြင့် ကလေးများနှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သော ငှက်တစ်ကောင် ဖြစ်သည်။ ကလေးငယ်ကို မိခင်ဖြစ်သူက အိပ်ရာဝင်သီချင်းများဖြင့် ချော့သိပ်ရာတွင် “လူကလေးရဲ့ အိပ်ချိန်တန် ၊ ဗျိုင်းရှေ့ကပျံ၊ ပျံလေသည့်ကိုရွှေဗျိုင်း ၊ ညွှတ်တွေကဝိုင်း၊ ညွှတ်ကိုင်းဝိုင်းတဲ့ ကိုဗျိုင်းဖြူ ၊ ကယ်သူကွဲ့ရှိဘူး ၊ မြစ်နဒီသောင်စပ်မှာ တောင်ခတ်လို့လူး” ဆိုသောကဗျာလေးကို မိခင်တိုင်းလိုလို ဆိုခဲ့ဖူးကြသည်ချည်း ဖြစ်သည်။ ကလေးများ ကျောင်းစတက်၍ စာစရေးပြီဆိုသောအခါ လက်ရေးက မသေမသပ် ရှိတတ်ကြသည်။ ထိုအခါ ကလေးများရေးသော ကကြီးများကို လူကြီးများက ဗျိုင်းပျံနေသလိုဟု နောက်တတ်၊ စတတ်ကြသည်။ ထိုအခါ ကလေးများက ကောင်းကင်တွင် ဗျိုင်းတွေပျံနေသည်ကို ပြေးမြင်ယောင်တတ်ကြသည်။ မြစ်ချောင်းများနှင့် နီးသောဒေသများတွင် ညနေစောင်းအချိန်တွင် အိပ်တန်းပျံလာသော ဗျိုင်းအုပ်များကို မြင်ဖူးကြပါလိမ့်မည်။
ဗျိုင်း | |
---|---|
အရှေ့ဂရိတ်ဗျိုင်း (အာဒီ့မိုးဒစ်စတာ) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Clade: | Aequorlitornithes |
Clade: | Ardeae |
Clade: | Aequornithes |
မျိုးစဉ်: | Pelecaniformes |
မျိုးစဉ်သေး: | Ardei |
မျိုးရင်း: | Ardeidae |
မျိုးစုများ | |
ဗျိုင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်သကဲ့သို့ ကမ္ဘာအနှံ့တွင်လည်း တွေ့ရှိနိုင်သည်။ အပူပိုင်းဒေသနေ ဗျိုင်းအများစုမှာ ဌာနေငှက်များဖြစ်ကြသော်လည်း ဥရောပဒေသများမှ ဗျိုင်းများသည် ဆောင်းအခါတွင် အာဖရိကနှင့် အာရှတိုက်တောင်ပိုင်းဒေသများသို့ သွားရောက်ဆောင်းခိုလေ့ရှိသည်။ မြန်မာနိုင်ငံတွင် မိုးအခါ၌ စပါးစိုက်ပျိုးသော လယ်ကွင်းများတွင် တွေ့ရသည်။ ဆောင်းရာသီ စပါးရိတ်သိမ်းချိန်တွင်မူ မြစ်၊ ချောင်းနှင့် ထုံးအိုင်များဆီသို့ စားကျက်ပြောင်းသွားတတ်သည်။ ပဲခူးရိုးမ သဲချောင်းများတွင်လည်း ကျက်စားလေ့ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတက်ချိန်၌ ကမ်းနှင့် ကိုက်နှစ်ရာ၊ သုံးရာခန့် ဝေးသော ရွှံ့၊ နွံများအတွင်း အုပ်လိုက်ကျက်စားလေ့ရှိသည်။
ဗျိုင်းသည် Ciconiiformes မျိုးရင်းတွင် Ardeidae မျိုးစပ်၌ ပါဝင်သည်။ သိပ္ပံအမည်မှာ Egretta garzetta ဖြစ်သည်။ ဗျိုင်းတို့တွင် ဥဗျိုင်း၊ ဗျိုင်းအောက်၊ ကျွဲကျောင်းဗျိုင်း စသည်ဖြင့် အမျိုးအစားများစွာ ရှိကြသည်။[1]