ပလေးစတေရှင် ၂
From Wikipedia, the free encyclopedia
ပလေးစတေရှင် ၂ (PlayStation 2) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment)မှ ထုတ်လုပ်သော ပလေးစတေရှင်အုပ်စုဝင် ဒုတိယမြောက် ဗီဒီယိုဂိမ်းစက်ဖြစ်သည်။ ၂၀၀၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ဖြန့်ချိခဲ့ပြီး နောက်နှစ်တွင် မြောက်အမေရိကနှင့် ဥရောပသို့ ဖြန့်ချိခဲ့သည်။ ၎င်းသည် ခြောက်ခုမြောက် ဂိမ်းစက်မျိုးဆက်အဖြစ် ဆီဂါ၏ ဒရင်းကပ်စ်၊ မိုက်ခရိုဆော့ဖ်၏ အိပ်စ်ဘောက်စ်နှင့် နစ်တန်းဒိုး၏ ဂိမ်းကျူ့ စက်များဖြင့် ယှဉ်ပြိုင်ခဲ့သည်။
ဘယ်ဖက်: မူလ ပလေးစတေရှင် ၂ ညာဘက်: ပိုမိုပါးလွှာသော ပလေးစတေရှင် ၂၊ 8 MB မှတ်ဉာဏ်ကဒ်နှင့် DualShock 2 အမျိုးအစား လက်ကိုင်ခလုတ် | |
အခြားအမည် | ပီအက်စ်တူး၊ ပီတူး |
---|---|
ဖန်တီးသူ | ဆိုနီ |
ထုတ်လုပ်သူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment) |
ပစ္စည်းအုပ်စု | ပလေးစတေရှင် |
ပစ္စည်းအမျိုးအစား | အိမ်သုံးဗွီဒီယိုဂိမ်းစက် |
မျိုးဆက် | ၆ ခုမြောက် |
ဖြန့်ချီသည့်နေ့ | ၄ မတ် ၂၀၀၀
|
ရပ်တန့်သည့်နေ့ | JPN December 28, 2012[1] |
ရောင်းရသောအရေအတွက် | ၁၅၅ သန်း (၃၁ မတ် ၂၀၁၂)[2] |
မီဒီယာ | ဒီဗီဒီ၊ စီဒီ |
စီပီယူ | "Emotion Engine" clocked at 294.912 MHz (launch), 299 MHz (newer models), with 128-bit SIMD capabilities [3][4][5] |
မှတ်ဉာဏ် | 32 MB of Direct RAMBUS or RDRAM 4 MB eDRAM |
သိုလှောင်နိုင်မှုစွမ်းအား |
|
ပြသပေးနိုင်မှု |
|
ဂရပ်ဖစ်အမျိုးအစား | "Graphics Synthesizer" clocked at 147.456 MHz |
Controller input | DualShock 2, DualShock, EyeToy |
ဆက်သွယ်နိုင်မှု | 100 Mbit Ethernet/modem(requires adapter on SCPH-10000-500xx models), 2 × USB 1.1, 1 × IEEE 1394 interface |
အွန်လိုင်းဝန်ဆောင်မှု | Dynamic Network Authentication System |
အရောင်းရဆုံးဗွီဒီယိုဂိမ်း | Grand Theft Auto: San Andreas: ၂၀.၈၁ သန်းရောင်းချရပြီး(as of April 2014)[6] |
နောက်ကြောင်းပြန် လိုက်လျောညီထွေဖြစ်မှု | ပလေးစတေရှင် |
ယခင်အမျိုးအစား | ပလေးစတေရှင် |
နောက်ပေါ်အမျိုးအစား | ပလေးစတေရှင် ၃ |
ပလေးစတေရှင် ၂ ဂိမ်းစက်ပေါင်း ၁၅၅ သန်းကျော်ရောင်းချနိုင်ခဲ့ပြီး ဗီဒီယိုဂိမ်းစက်သမိုင်းတွင် အရောင်းရဆုံးသောဂိမ်းစက် အဖြစ် ရပ်တည်နိုင်ခဲ့သည်။[7] ပလေးစတေရှင် ၂ ဂိမ်းစက်နှင့် တွဲဖက်ကစားရန် ဂိမ်းပေါင်း ၃၈၇၀ ကျော် ထွက်ရှိထားပြီး ဂိမ်းအချပ်ရေ ၁.၅ ဘီလီယံကျော် ရောင်းချထားပြီးဖြစ်သည်။[8] ဆိုနီမှ နောက်ပိုင်းတွင် မူလ ပလေးစတေရှင် ၂ ဂိမ်းစက်ထက် ပိုမိုပါးလွှာသော slimline မော်ဒယ် ပလေးစတေရှင် ၂ အမျိုးအစားကို ထပ်မံဖြန့်ချိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပလေးစတေရှင် မျိုးဆက်သစ် ဂိမ်းစက်ဖြစ်သော ပလေးစတေရှင် ၃ (PlayStation 3) ကို မိတ်ဆက်ခဲ့သည်။
ပလေးစတေရှင် ၃ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင်လည်း ပလေးစတေရှင် ၂ အနေဖြင့် ခြောက်ခုမြောက် ဂိမ်းစက်မျိုးဆက်တွင် နာမည်ကျော်ဖြစ်နေခဲ့သည်။ ဖြန့်ချိပြီး ၁၃ နှစ်ခန့်၊ ၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့တွင် ဆိုနီမှ ပလေးစတေရှင် ၂ ဂိမ်းစက် ထုတ်လုပ်ဖြန့်ချိမှုကို ရပ်ဆိုင်းခဲ့သည်။