တရုတ်သမ္မတနိုင်ငံ၏ အလံတော်
နိုင်ငံတော်အလံ / From Wikipedia, the free encyclopedia
တရုတ်သမ္မတနိုင်ငံ၏အလံတော် (中華民國國旗) တွင် အနီရောင်နောက်ခံပါရှိသည်။ လက်ဝဲဘက်ထောင့်၌ အပြာရောင်ထောင့်မှန်စတုဂံ ပါရှိပြီး ထိုထောင့်မှန်စတုဂံ၌ ရောင်ခြည် ၁၂ ကြောင်းဖြာထွက်နေသော အဖြူရောင်နေလုံးပါရှိသည်။ အလံ၏အမည်မှာ "ကောင်းကင်ပြာ၊ နေလုံးဖြူ၊ ကမ္ဘာနီ" (Blue sky, white sun and the wholly red earth) ဟူ၍ဖြစ်သည်။
အမည် | 青天白日滿地紅 ကောင်းကင်ပြာ၊ နေအဖြူနှင့် ကမ္ဘာအနီ |
---|---|
အသုံးပြုခြင်း | နိုင်ငံတော်အလံနှင့် ရေတပ်သုံးအလံ |
အချိုးအစား | ၂:၃ |
ရွေးချယ်ခြင်း | ၁၈၉၅ (တရုတ်ပြန်လည်တည်ထောင်ရေးအသင်းမှရေးဆွဲ) ၁၉၀၆ (အနီရောင်ကိုထည့်သွင်း) ၁ ဇန်နဝါရီ ၁၉၁၂ (ရေတပ်သုံးအလံ) ၅ မေ ၁၉၂၁ (တရုတ်အစိုးရမှစသုံး) ၉ ဒီဇင်ဘာ ၁၉၂၈ (တရုတ်ပြည်မ၌) ၂၅ အောက်တိုဘာ ၁၉၄၅ (ထိုင်ဝမ်၌) |
ဒီဇိုင်း | အနီရောင်နောက်ခံ၊ လက်ဝဲဘက်ထောင့်၌ အပြာရောင် ထောင့်မှန်စတုဂံ၊ ထို့ထောင့်မှန်စတုဂံ၌ အဖြူရောင်နေလုံးပါရှိသည် |
ဒီဇိုင်းဆွဲသူ | လူဟော်တုန်း နှင့် ဆွန်ယက်ဆင် |
ရေတပ်အလံ (Naval Jack) | |
အမည် | အပြာရောင်ကောင်းကင်နှင့် အဖြူရောင်နေအလံ (青天白日旗) |
အသုံးပြုခြင်း | ရေတပ်အလံ |
အချိုးအစား | ၂:၃ |
ရွေးချယ်ခြင်း | ၁၈၉၅ |
ဒီဇိုင်း | အဖြူရောင်နေနှင့် အပြာရောင်နောက်ခံ |
ဒီဇိုင်းဆွဲသူ | လူဟော်တုန်း |
ကြည်းတပ်အလံ | |
အသုံးပြုခြင်း | စစ်ဖက်သုံးအလံ |
အချိုးအစား | ၂:၃ |
ဒီဇိုင်း | အနီရောင်နောက်ခံတွင် အပြာရောင်ထောင့်မှန်စတုဂံ၊ ထိုထောင့်မှန်စတုဂံတွင် အဖြူရောင်နေပါဝင်သည် |
သမ္မတအလံ | |
အသုံးပြုခြင်း | သမ္မတအလံ |
အချိုးအစား | ၂:၃ |
ဒီဇိုင်း | အနီရောင်နောက်ခံကို ရွှေရောင်ဘောင်ခတ်ထားပြီး အပြာရောင်စက်ဝိုင်း၊ ထိုစက်ဝိုင်းတွင် အဖြူရောင်နေပါဝင်သည် |
တရုတ်သမ္မတနိုင်ငံ၏အလံတော် | |||||||
ရိုးရာ တရုတ် | 中華民國國旗 | ||||||
---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 中华民国国旗 | ||||||
ဆိုလိုရင်း | တရုတ်သမ္မတနိုင်ငံ၏ အလံတော် | ||||||
| |||||||
Blue Sky, White Sun and a Wholly Red Earth | |||||||
ရိုးရာ တရုတ် | 青天白日滿地紅 | ||||||
ရိုးရှင်းသော တရုတ် | 青天白日满地红 | ||||||
ဆိုလိုရင်း | ပြာနေသောကောင်းကင်၊ ဖြူနေသောနေလုံး၊ နီနေသောကမ္ဘာ | ||||||
|
ထိုအလံကို ၁၈၉၅ တွင် ချင်းမင်းဆက်အား ဆန့်ကျင်သည့် တရုတ်ပြန်လည်တည်ထောင်ရေးအဖွဲ့ (Revive China Society) မှ ရေးဆွဲခဲ့ရာ အပြာရောင်နောက်ခံနှင့် နေလုံးသာပါရှိခဲ့သည်။ ၁၉၀၆ တွင် ဒေါက်တာဆွန်ယက်ဆင်သည် အနီရောင်ကိုထည့်သွင်းခဲ့သည်။[1] ထိုအလံကို ၁၉၁၂ တွင် ရေတပ်အလံအဖြစ် စတင်သုံးစွဲခဲ့သည်။[2] ၁၉၂၉ တွင် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) ၏ နိုင်ငံတော်အလံအဖြစ် ကူမင်တန်အစိုးရမှ ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၉ တွင် ကွန်မြူနစ်သူပုန်များမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) ကို တည်ထောင်ခဲ့ရာ ထိုအလံကို တရုတ်ပြည်မ၌ သုံးစွဲခြင်းမရှိတော့ပေ။ ထိုင်ဝမ်နှင့် ထိုင်ဝမ်အစိုးရအုပ်ချုပ်ရာ ကျွန်းငယ်များ၌သာ ယခုသုံးစွဲလျက်ရှိကြသည်။
ပီအာစီသည်အာအိုစီ၏ လွတ်လပ်သောအခြုပ်အခြာအာဏာကို အသိအမှတ်မပြုဘဲ ထိုင်ဝမ်ဒေသအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်အဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ပီအာစီ၏နယ်မြေ၌ အာအိုစီအလံအသုံးပြုခွင့်ကို တားမြစ်ထားသည်။ ထို့အပြင် ပီအာစီသည် အာအိုစီကို ကိုယ်စားပြုရာ၌ ပီအာစီအလံကိုသာ အသုံးပြုသည်။ အချို့သောထိုင်ဝမ်ပြည်လွတ်လပ်ရေးကို အားပေးထောက်ခံသူများသည် အာအိုစီအလံကို ကူမင်တန်ပါတီနှင့် ပက်သက်မှုရှိသောကြောင့် မနှစ်သက်ကြပေ။[3]